အခုလို AI ခေတ်မှာ Gemini, ChatGPT, Grok နဲ့ DeepSeek တို့လို AI တွေကြောင့် လူတွေက အကြောင်းအရာတစ်ခုခုကို သိချင်တာပဲဖြစ်ဖြစ်၊ ပစ္စည်းတစ်ခုခုကို ဝယ်ချင်တာပဲဖြစ်ဖြစ် ဝက်ဘ်ဆိုက်လင့်ခ်တွေထဲ မဝင်တော့ဘဲ AI က အနှစ်ချုပ်ပေးတာကိုပဲ ဖတ်လာကြပါတယ်။ ဒါ့အပြင် Google မှာဆိုလည်း AI Overview ကိုပဲဖတ်ပြီး ပြန်ထွက်သွားတာကြောင့် Zero Click Searches တွေဟာ တစ်နေ့တခြား ပိုပိုများလာတာကို ကိုယ်တိုင်လည်း User တစ်ယောက်အနေနဲ့ သတိထားမိကြမှာပါ။
ဒီနေ့မှာတော့ အခုလို ဝက်ဘ်ဆိုက်ထဲ လူမဝင်တော့တဲ့ခေတ်မှာ AI က ကိုယ့်လုပ်ငန်းကို ရွေးချယ်ပြီး ညွှန်းပေးလာအောင် ဘယ်လိုလုပ်မလဲဆိုတာကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။
အဖြေကို အရင်ပေးပါ (Answer-First)
AI တွေက စာသားအရှည်ကြီးတွေထက် လိုရင်းတိုရှင်း အဖြေတွေကိုပဲ ကောက်နုတ်ချက်အဖြစ် ယူသုံးလေ့ရှိပါတယ်။ ဒါကြောင့် ဝက်ဘ်ဆိုက်ထဲမှာ အရှည်ကြီးတွေမရေးဘဲ ထိပ်ဆုံးစာကြောင်းမှာတင် တိုက်ရိုက်အဖြေကို ကွက်တိရေးထားသင့်ပါတယ်။ ဒါ့အပြင် AI ဖတ်ရလွယ်မယ့် Bullet Points တွေနဲ့ Tables တွေကိုလည်း အသုံးချနိုင်ပါတယ်။
AI နားလည်မယ့်ပုံစံ ပြောင်းလဲပါ (Schema & llms.txt)
ကိုယ့်ဆိုက်ထဲက ဒေတာတွေကို AI တွေ အလွယ်တကူ ဖတ်နိုင်ဖို့ Schema Markup တွေ ချိတ်ထားသင့်ပါတယ်။ AI Bot တွေအတွက် သီးသန့်ဖတ်ဖို့ llms.txt ဖိုင်တစ်ခုကိုလည်း ဝက်ဘ်ဆိုက်ထဲမှာ အဆင်သင့် ထည့်ထားပေးနိုင်ပါတယ်။
အပြင်မှာလည်း နာမည်ကောင်းရှိပါစေ (Off-Site Trust)
AI က သင့်ဝက်ဘ်ဆိုက်တစ်ခုတည်းကို ကြည့်တာ မဟုတ်ပါဘူး။ Reddit, Quora နဲ့ Review ဝက်ဘ်ဆိုက်တွေပေါ်မှာပါ သင့်လုပ်ငန်းအကြောင်း လူတွေ ဘာပြောနေကြလဲဆိုတာ လိုက်ဖတ်တဲ့အတွက် အပြင်လောကမှာပါ Review ကောင်းတွေရှိပြီး Reputation ကောင်းဖို့ လိုပါတယ်။
စကားပြောနေသလို ရေးပါ (GEO)
အခုဆိုရင် ရိုးရိုး SEO ထက် AI အတွက် ပြင်ဆင်ရတဲ့ GEO (Generative Engine Optimization) ခေတ် ရောက်လာပါပြီ။ ဒါကြောင့် လူတွေ AI ကို စကားပြောသလို မေးတတ်တဲ့ မေးခွန်းပုံစံမျိုး (Conversational FAQs) တွေကို ကိုယ့်ဝက်ဘ်ဆိုက်ထဲမှာ ကြိုတင်ထည့်သွင်းထားသင့်ပါတယ်။
အနှစ်ချုပ်ရရင်တော့ ခေတ်ရေစီးကြောင်း ပြောင်းလဲသွားတဲ့အတွက် လုပ်ငန်းတွေရဲ့ မားကတ်တင်းဗျူဟာကိုလည်း လိုက်ပြီးအဆင့်မြှင့်တင်သင့်တာ အမှန်ပါပဲ။ Google ရဲ့ စည်းမျဉ်းတွေနောက်ပဲ လိုက်နေမယ့်အစား AI က ယုံကြည်ကိုးကားရတဲ့ အရင်းအမြစ်တစ်ခုဖြစ်အောင် သင့်လုပ်ငန်းရဲ့ ဒေတာတည်ဆောက်ပုံကို စတင်ပြောင်းလဲကြည့်ဖို့ အချိန်တန်ပါပြီ။
သင့်လုပ်ငန်းရဲ့ AI Visibility ကို မြှင့်တင်ပြီး ခေတ်ရှေ့ပြေးတဲ့ Digital Marketing မဟာဗျူဟာတွေကို ဖန်တီးချင်တယ်ဆိုရင်တော့ Newness Digital ရဲ့ “အခမဲ့ တိုင်ပင်ဆွေးနွေးခွင့် ၁ ကြိမ်” ကို https://bit.ly/digitalconsultnewness မှာ အခုပဲ ရယူနိုင်ပါတယ်။