နည်းပညာထက် ပိုအရေးကြီးတဲ့ စိတ်ပညာ

ဘယ်လောက်ပဲ နည်းစနစ်ကျအောင် Post တွေတင်တင်… လူတွေက ကျော်သွားကြတုန်းပဲလား။ 

 

တကယ်တော့ ဒါဟာမဆန်းပါဘူး။ နေ့စဉ်ဘဝရဲ့ ရုန်းကန်လှုပ်ရှားမှုတွေကြားမှာ အခုခေတ်လူတွေဟာ စိတ်အပန်းပြေစေမယ့်အရာတွေကိုပဲ ပိုရှာဖွေလာကြတာကြောင့် ရောင်းရဖို့ပဲ ဦးစားပေးနေတဲ့ ကြော်ငြာတွေကို မြင်မြင်ချင်း ကျော်သွားကြတာ ဖြစ်ပါတယ်။

 

တကယ်တော့ နည်းပညာတွေထက် ပိုပြီးအစွမ်းထက်တဲ့ လျှို့ဝှက်ချက်က လူတွေရဲ့စိတ်ကို နားလည်ဖို့ပါပဲ။ ဒါဆို သူတို့ ဘယ်လို Content မျိုးတွေကို ပိုပြီး Share တတ်ကြသလဲဆိုတာကို ကြည့်လိုက်ကြရအောင်။ 

 

  •  Entertainment Content

ကမ္ဘာပေါ်မှာ လူတွေအများဆုံး Share တတ်ကြတာကတော့ စိတ်အပန်းပြေစေမယ့် Content မျိုးတွေပါပဲ။ ဖတ်လိုက်ရုံနဲ့ တစ်နေ့တာ စိတ်မွန်းကြပ်မှုတွေကို သက်သာစေပြီး ပြုံးမိသွားစေမယ့် Post မျိုးတွေကိုဆိုရင် လူတွေက ကိုယ့်အနားကလူတွေပါမြင်ရအောင် ပြန်ပြီး Share တတ်ကြပါတယ်။

 

  • Relatable Content

လူတွေက ပုံမှန် Content တွေထက် ကိုယ်တိုင်လည်း ကြုံဖူးပြီး ရင်ဘတ်ချင်း ထပ်တူကျတဲ့ အကြောင်းအရာတွေကို ပိုသဘောကျကြပါတယ်။ လူတိုင်းကြုံတွေ့ဖူးတဲ့ နေ့စဉ်ဘဝ အတွေ့အကြုံတွေကို Storytelling ပုံစံမျိုးနဲ့ ထိမိအောင် ဖန်တီးပေးတာက လူတွေရဲ့ ရင်ထဲကို ပိုရောက်စေပြီး Engagement ကို သိသိသာသာ တက်လာစေပါတယ်။

 

  • Connection Content

ဒါ့အပြင် လူတွေက စိတ်ချင်းနီးစပ်မှုကို ပေးစွမ်းနိုင်တဲ့ Content မျိုးတွေကိုလည်း သဘောကျကြပါသေးတယ်။ ချစ်ခင်ရသူတွေ အချင်းချင်း ကြားထဲက နွေးထွေးမှုကို အသားပေးတဲ့ Content တွေက လူတွေရဲ့ ရင်ထဲကို ပိုရောက်စေပြီး အလိုလိုနေရင်း Share ချင်စိတ်ကို ဖြစ်လာစေပါတယ်။

 

အနှစ်ချုပ်ရရင်တော့ Marketing အောင်မြင်ဖို့ဆိုတာ Algorithm တွေထက် လူတွေရဲ့ ခံစားချက်တွေကို အရင်ဆုံးနားလည်ဖို့ လိုအပ်တာ ဖြစ်ပါတယ်။ ဒါကြောင့် ဖတ်ရသူတွေကို စိတ်အနှောင့်အယှက်ဖြစ်စေမယ့် ကြော်ငြာတွေထက် အဓိပ္ပာယ်ရှိတဲ့ အကြောင်းအရာမျိုးတွေကို ပြောင်းလဲဖန်တီးကြည့်ဖို့ တိုက်တွန်းပါရစေ။

 

သင့်လုပ်ငန်းရဲ့ Branding နဲ့ Digital Marketing ကို ပိုကောင်းမွန်အောင် ဖန်တီးချင်တယ်ဆိုရင်တော့ Newness Digital ရဲ့ “အခမဲ့ တိုင်ပင်ဆွေးနွေးခွင့် ၁ ကြိမ်” ကို https://bit.ly/digitalconsultnewness မှာ အခုပဲ ရယူနိုင်ပါပြီ။  📮

 

#NewnessDigital #DigitalMarketingAgency #DigitalMarketing #ContentMarketing  #MarketingPsychology #MarketingTips #BusinessGrowth

More Blog Post​

Free Digital
Consultation