First Impression မှာတင် ယုံကြည်စေချင်လား

ဒီနေ့ခေတ် Digital Era မှာ  Social Media ပေါ်က Brand တစ်ခုကိုတွေ့တဲ့အခါ ဆက်ကြည့်မလား ကျော်ပစ်မလားဆိုတာဆုံးဖြတ်ဖို့  အများဆုံး (၇) စက္ကန့်ပဲ အချိန်ယူလေ့ရှိတယ် လို့ဆိုပါတယ် ❗

 

ဒီသဘောကတော့ ကိုယ့် Brand က ထုတ်ကုန်နဲ့ ဝန်ဆောင်မှုချည်းပဲ ကောင်းနေရုံနဲ့ မလုံလောက်တော့ဘဲ ပထမဆုံးအမြင်မှာတင် Audience က ယုံကြည်မှုရှိတဲ့ Brand တစ်ခုအဖြစ် အသက်သွင်းဖို့ လိုနေပြီဆိုတာ ထောက်ပြနေပါတယ်။ 

 

🔶ဒီနေရာမှာ လေ့လာချက်တွေအရ လူတစ်ယောက်က Brand တစ်ခုကို ပထမဆုံးအမြင်မှာတင်ယုံကြည်ဖို့ Visual နဲ့ Tone of Voice တွေက ၈၀% ကျော်အထိ  သက်ရောက်မှုရှိတယ်လို့ ပြောထားပါတယ် ….

 

ဒါကြောင့်လည်း လူသိပ် မသိသေးတဲ့ Brand တစ်ခုကို စတင်ဝယ်ယူမဲ့အချိန်မှာ Social Media မှာရှာဖွေကြည့်တာမျိုးလုပ်လေ့ရှိတာပါ။ 

 

တစ်ခုရှိတာက Visual တွေကနေ  Audience ရဲ့ယုံကြည်မှုကို တည်ဆောက်တဲ့အခါ Social Design တွေသာမက မျက်စိနဲ့မြင်ရတဲ့ အရာတွေ၊ ခံစားလို့ရတဲ့ Mood & Tone တွေအားလုံးကို တစ်သမတ်တည်း သွားရမယ်လို့ ဆိုလိုတာပါ။ ဒါကို Power of Consitency လို့ခေါ်ပါတယ်။ 

 

🔶နောက်ထပ်တစ်ခုကတော့ Brand က သုံးစွဲသူကို ဘယ်လိုစကားပြောသလဲဆိုတဲ့ Tone of Voice ပါ။ 

ဆိုလိုတာကတော့ သုံးစွဲသူက ကိုယ့် Brand ကို သူ့ရဲ့ မိတ်ဆွေတစ်ဦးလိုမြင်စေချင်တာလား…. ကျွမ်းကျင်တဲ့ အကြံပေးတစ်ယောက်လိုမြင်စေချင်တာလား စသဖြင့်ပေါ့။ ဒါပေမဲ့ တစ်ခုတစ်သတိထားရမှာက Tone of Voice ဆိုတာ တသမတ်တည်းရှိရမဲ့ အရာဆိုတာပါပဲ။ 

 

အချုပ်ပြောရမယ်ဆိုရင်တော့ Visual က လူတွေရဲ့ အမြင်ကို ဆွဲဆောင်တာဖြစ်ပြီး၊ Tone of Voice က လူတွေရဲ့ ရင်ထဲ ရောက်အောင် ပြောဆိုတာပါ။

 

ဒီနှစ်ခုစလုံးကို စနစ်တကျပေါင်းစပ်ပြီး ဦးတည်ရာဈေးကွက်ဆီကို အရောက်ပို့နိုင်မှ First Impression မှာတင်  ယုံကြည်ရတဲ့ အမှတ်တံဆိပ်တစ်ခုကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ 

 

ဒါကို ဘယ်လို ပေါင်းစပ်ရမလဲဆိုတာ သိချင်ရင်တော့ Newness Digital နဲ့ အတူဆွေးနွေးဖို့ https://bit.ly/digitalconsultnewness  မှာ အခုပဲ Form ဖြည့်ထားလိုက်ပါ။

More Blog Post​

Free Digital
Consultation