မိုးဖွဲလေးတွေကျလာရင် မိုးစက်လေးတွေနဲ့အတူ လူတွေရဲ့ခံစားချက်တွေဟာလည်း အတူတူလိုက်ပြီး နူးညံ့သွားတတ်ပါတယ်။
ဒီအချိန်မှာ လူတွေဝယ်ယူချင်တာက ပစ္စည်းတစ်ခုတည်းတင်မဟုတ်ဘဲ အဲဒီပစ္စည်းကပေးမယ့် နွေးထွေးမှုကိုပါ ရှာဖွေနေကြတာပါ။ ဒါဟာ ဘာကြောင့်လဲဆိုရင် မိုးရာသီမှာ ဝယ်ယူသူတွေရဲ့ စိတ်အခြေအနေဟာ အကြောင်းပြချက်တွေထက် ခံစားချက်တွေအပေါ်မှာ ပိုပြီး မူတည်သွားတတ်လို့ပါပဲ။
ထက်မြက်တဲ့ လုပ်ငန်းရှင်တွေက ပစ္စည်းရဲ့ အရည်အသွေးကိုပဲ အသားပေးရောင်းနေမယ့်အစား ဝယ်ယူသူတွေ တောင့်တနေတဲ့ အေးချမ်းမှု၊ လုံခြုံမှုနဲ့ သက်သောင့်သက်သာရှိမှုတွေကိုပါ ထပ်မံပေါင်းစပ်လေ့ ရှိကြပါတယ်။
Marketing ကောင်းတယ်ဆိုတာ ပစ္စည်းကို ရောင်းထွက်အောင် လုပ်နိုင်ရုံတင်မကဘဲ လူတွေရဲ့ နေ့စဉ်ဘဝထဲမှာ အမှတ်တရဖြစ်ကျန်ရစ်မယ့် ခံစားချက်တစ်ခုခုကို ပေးစွမ်းနိုင်ခြင်းပဲ ဖြစ်ပါတယ်။
ဥပမာ ကော်ဖီရောင်းမယ်ဆိုရင် အရသာကောင်းကြောင်းထက် မိုးရွာနေတုန်းမှာ ခံစားရတဲ့ ကော်ဖီရနံ့လေးရဲ့ မွှေးပျံ့မှုကို ပုံဖော်ကြည့်ပါ။ အင်္ကျီရောင်းမယ်ဆိုရင်လည်း အသားကောင်းကြောင်းထက် အေးစိမ့်နေတဲ့ရာသီဥတုမှာ နွေးထွေးမှုပေးနိုင်ကြောင်းကို အသားပေးကြော်ငြာပါ။
မိုးရာသီရဲ့ အငွေ့အသက်နဲ့ လိုက်ဖက်တဲ့ စကားလုံးတွေက လူကြီးမင်းတို့ရဲ့ လုပ်ငန်း၊ ဝန်ဆောင်မှုနဲ့ ထုတ်ကုန်တွေကို လူတွေရဲ့ရင်ထဲမှာ ပိုပြီး စွဲကျန်ရစ်စေပါလိမ့်မယ်။ ဒါကြောင့် ဒီမိုးရာသီမှာပစ္စည်းကောင်းကြောင်းပဲ ပြောနေမယ့်အစား ဝယ်ယူသူတွေ တောင့်တနေတဲ့ ခံစားချက်တွေကိုပါ ဖန်တီးပေးဖို့ လိုအပ်ပါတယ်။
ကဲ … ဒါဆို Marketing မှာ စိတ်ခံစားမှုတွေကို ထည့်သွင်းပြီး ဝယ်ယူသူတွေနဲ့ ရေရှည်ခိုင်မြဲတဲ့ ဆက်ဆံရေးကို အခုပဲစပြီး တည်ဆောက်ကြည့်လိုက်တော့နော်။
မိုးရာသီကာလ Marketing ကို အကောင်းဆုံးပုံဖော်ဖို့အတွက် Newness Digital ရဲ့ Branding & Digital Marketing ဝန်ဆောင်မှုတွေကို ရယူလိုတယ်ဆိုရင်တော့ “အခမဲ့တိုင်ပင်ဆွေးနွေးခွင့် ၁ ကြိမ်” နဲ့အတူ https://bit.ly/digitalconsultnewness မှာ ဖောင်ဖြည့်ပြီး ရယူနိုင်ပါတယ်။
နောက်ထပ် “မြန်မာပြည်မှာ သင့်Brandကိုလူတွေချစ်လာအောင် ဘယ်လိုလုပ်မလဲ” ဆိုတဲ့အကြောင်းအရာကိုလည်း ဆက်လက်လေ့လာဖတ်ရှုနိုင်ပါတယ်။