fbpx

2022 မှာ ခေတ်စားလာမယ့် Marketing Trends များ

2022 marketing trend

မိမိလုပ်ငန်းမှာ Digital Marketing ကိုအသုံးချနေတဲ့ လုပ်ငန်းရှင်တွေအတွက်ကတော့ နှစ်ကုန်တာနဲ့ Trends တွေလိုက်ကြည့် လိုက်ဖတ်ရတာပါပဲ။ ကျနော်တို့ Newness ကလဲ လုပ်ငန်းရှင်တွေကို အဆက်မပြတ် ဝန်ဆောင်မှု့ပေးနိုင်အောင် Trend တွေလိုက်ဖတ်ရသလို လုပ်ငန်းရှင်များနဲ့ Marketer များအသုံးချနိုင်အောင် ခုလို 2022 အတွက် Marketing Trend တွေကို ရေးသားပြုစုလိုက်ပါတယ်။

Marketing နယ်ပယ်ဆိုတာ အမြဲတမ်း ပြောင်းလဲနေတတ်တဲ့ နယ်ပယ်တစ်ခုပါ။  အကယ်၍သာ ကိုယ့်ရဲ့ ပြိုင်ဖက်တွေထက် ခြေတစ်လှမ်းသာချင်တဲ့ Marketer တစ်ယောက်၊ စီးပွားရေးတစ်ခုကို ဦးဆောင်သူတစ်ယောက်၊ စွန့်ဦးတီထွင်သူတစ်ယောက်ဆိုရင် အောက်ကအချက်တွေကို သိချင်မှာပါပဲ။

Marketer တွေအနေနဲ့ အခုလက်ရှိမှာ ဘယ်လို Trend တွေကို လုပ်ဆောင်နေကြလဲ? လာမယ့် ၂၀၂၂ မှာ ဘယ်လိုအရာတွေကို ဦးတည်ပြီး သွားကြမလဲ? 

  • ဘယ် Marketing Channel တွေကို အသုံးပြုနေကြသလဲ?
  • Top ဖြစ်နေတဲ့ Content-Marketing Format တွေက ဘာတွေလဲ? 
  • ဘယ်လိုအခက်အခဲတွေကို ရင်ဆိုင်ကြုံတွေ့နေရလဲ? 
  • ၂၀၂၂ နဲ့ ၂၀၂၂ အလွန်ကာလတွေမှာ သူတို့ရဲ့  Plan နဲ့ မျှော်မှန်းချက်တွေက ဘာတွေလဲ?

ဒီအကြောင်းအရာတွေကို သိနိုင်ဖို့အတွက် HubSpot က U.S, Australia, Canada, Germany, UK, France, Japan စတဲ့ နိုင်ငံကြီးတွေရဲ့  B2C, B2B Company တွေမှာ အလုပ်လုပ်နေတဲ့ Global Marketer ၁၀၆၇ ယောက်ကို စစ်တမ်းကောက်ခဲ့ပါတယ်။

စစ်တမ်းအရ ၂၀၂၂ မားကတ်တင်းနယ်ပယ်အတွက် အဓိကတွေ့ရှိချက်တွေကတော့

၁။ Influencer Marketing က Top ဖြစ်လာမယ့် Marketing Trend တစ်ခုဖြစ်ပါတယ်။ 

၂။ Marketer တွေဦးတည်နေတဲ့ နံပါတ်တစ် Channel က Social Media ဖြစ်ပြီး 

၃။ Instagram က Facebook, YouTube တို့ထက် နှာတဖျားသာနေတဲ့ အသုံးအများဆုံး Social Media Platform တစ်ခု ဖြစ်ပါတယ်။ 

၄။ ၂၀၂၂ မှာ Marketer တွေအနေနဲ့ Short Video, Social Responsibility နဲ့ Inbound Marketing အပိုင်းတွေမှာ ပိုပြီးတော့ ဦးတည်သွားဖို့ရှိသလို 

၅။ ၂၀၂၂ မှာ မားကတ်တင်းအသုံးစရိတ် လည်းတိုးမြှင့်သွားဖို့ ရှိပါတယ်။ 

လက်ရှိမှာ မားကတ်တင်းသမားတွေ ဘယ် Trend ကို ဦးတည်နေကြသလဲ?

ခုချိန်မှာတော့ Influencer Marketing, Mobile Friendly Website Design, Short-Form Video, Virtual Events နဲ့ Experiential Marketing တွေက Top Trend ဖြစ်နေပါတယ်။

လာမယ့် ၂၀၂၂ မှာလည်း မားကတ်တင်းသမားတွေက Budget ကို ပုံမှန်အတိုင်းပဲဖြစ်ဖြစ်၊ တိုးသွားဖို့ဖြစ်ဖြစ်ရှိတာကြောင့် ဆက်ပြီး ခေတ်စားနေဦးမယ့် သဘောပါပဲ။ 

1. Influencer Marketing

Social Media အသုံးများလာနဲ့အမျှ Influencer တွေလည်းများပြားလာပါတယ်။ ခုနောက်ပိုင်းမှာ လုပ်ငန်းတော်တော်များများက ထိရောက်ပြီး Popular ဖြစ်တဲ့ Influencer Marketing ဘက်မှာ ပိုပြီး မြှုပ်နှံလာကြပါတယ်။ ကိုယ့် Brand အတွက် Awareness တိုးနိုင်သလို စစ်တမ်းအရတော့ Influencer Marketing က ROI (Return On Investment)  အများဆုံးပြန်ရတဲ့ Marketing တစ်ခုပဲဖြစ်ပါတယ်။ ဒါပေမယ့် Small Business တွေအတွက်ကျ Celebrity ဒါမှမဟုတ် Influencer တစ်ယောက်ကို ငှားဖို့ရာက ကုန်ကျစရိတ်များတာကြောင့် ဝန်ကျယ်လို့ ပြောလို့ရပါတယ်။

2. Short-Form Video

၂၀၂၀-၂၁ တွေမှာ Tik-Tok ပိုရေပန်းစားလာတာကြောင့် အခြား Social Media Platform တွေဖြစ်တဲ့ Instagram, Youtube တွေကလဲ Short-Form Video Feature တွေတောင်ထပ်ထည့်လာကြပါတယ်။

ကောက်ယူထားတဲ့ စစ်တမ်းအရတော့ Marketer 30% ဟာ 2022 မှာ တစ်ခြား Social Media Marketing Strategy တွေထက်စာရင် Short Video တွေမှာ Budget ပိုသုံးမှာ လို့ဆိုပါတယ်။

33% ကတော့ ခုမှ Short Video ဘက်ပိုင်းကို ခြေလှမ်းစဖို့ ပြင်နေကြပါတယ်။

3. Virtual Events

Virtual Events တွေကလည်း Popular ဖြစ်ပြီး အကျိုးသက်ရောက်မှု ရှိတာကြောင့် ၂၀၂၂ မှာ Marketers တွေ ဆက်အသုံးပြုမယ့် မားကတ်တင်းနည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ Marketer ၃၁% က လက်ရှိမှာ Virtual Event ဘက်မှာ ဦးတည်နေပြီး ၉% ကတော့ အဲ့ဘက်ကို ခြေလှမ်းစဖို့ပြင်နေကြပါတယ်။ လာမယ့်နှစ်အတွင်းမှာ Public area တွေပြန်ဖွင့်ပြီး Physical Events တွေကို ပြန်ခွင့်ပြုနိုင်ခြေရှိတာကြောင့် Marketer ၁၇% ကတော့ Virtual Event ပိုင်းမှာ Investment တွေ လျော့ချသွားဖို့ရှိပါတယ်။

၂၀၂၂  မှာ ဘယ်လို Trend တွေကို Marketer တွေအနေနဲ့ ပထမဆုံး ခြေဦးလှည့်ဖို့ ပြင်နေကြသလဲ?

Short Video, Social Responsibility, နဲ့ Inbound Marketing တွေကတော့ ၂၀၂၂ မှာ Marketer တွေ ပထမဆုံးအနေနဲ့ ဦးတည်ကြမယ့် Trends တွေပဲ ဖြစ်ပါတယ်။ Short Video  တွေအကြောင်းက ကျနော်အပေါ်မှာ ရေးထားတဲ့ထဲ ပါတာမလို့ ကျန်တဲ့နှစ်ခုအကြောင်းကို ပြောပြပေးပါ့မယ်။

Social Responsibility

၂၀၂၀ နဲ့ ၂၀၂၁ ခုနှစ်တွေမှာ ဈေးဝယ်သူတွေဟာ Company တွေက သူတို့  Customers တွေ နဲ့ ဝန်ထမ်းတွေအပေါ် ဆက်ဆံပုံကိုလည်း ပိုပြီး ကြည့်လာကြပါတယ်။ ပြဿနာတစ်ခုဖြစ်လာရင် ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာကိုပါ စားသုံးတွေက စောင့်ကြည့်နေကြတော့ Company တွေ၊ စီးပွားရေးလုပ်ငန်းတွေ အနေနဲ့လည်း ဒီအချက်ကို ကောင်းကောင်းကြီး သဘောပေါက်ပြီး Social Responsibility မှာ ပိုပြီး Invest လုပ်လာကြပါတယ်။ Social Responsibility ကောင်းတဲ့ Brand တွေဆိုရင် Audience က ပိုပြီး ယုံကြည်မှုရှိကြသလို စိတ်ထဲလည်း စွဲစွဲမြဲမြဲမှတ်မိလေ့ ရှိကြပါတယ်။

Inbound Marketing

ခေတ်မီလာတာနဲ့အမျှ Customer  တွေဟာ Website နဲ့ Digital Platform တွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြပါတယ်။ အဲ့အတွက် ကျနော်တို့ဟာ ဟိုးအရင်က သုံးခဲ့တဲ့၊ ခေတ်နောက်ကျနေပြီဖြစ်တဲ့ Outbound Marketing ထဲက ကွဲထွက်ပြီး အကျိုးရှိစေမယ့် ဗဟုသုတတွေနဲ့ အကြောင်းအရာတွေကို ဦးတည်ပြောပြီး Customer တွေကို ဆွဲဆောင်နိုင်မယ့် Inbound Marketing ဘက်မှာ ပိုပြီး မြှုပ်နှံလာကြပါတယ်။  ၂၃% သော မားကတ်တင်းသမားတွေက Inbound Marketing  ပထမဆုံးအကြိမ်အဖြစ် ခြေလှမ်းစဖို့ ပြင်ဆင်နေကြပါပြီ။

ဘယ် Marketing Channel တွေကို အသုံးပြုကြမလဲ?

စစ်တမ်းအရတော့ Social Media, Website နဲ့ Email Marketing ကတော့ လက်ရှိမှာ မားကတ်တင်းသမားတွေ အသုံးပြုနေတဲ့ Top Channel တွေပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ Social Media ထဲမှာမှ Facebook က ထိပ်ဆုံးက ရပ်တည်နေပြီး FEB လနောက်ပိုင်း နိုင်ငံရေးအပြောင်းအလဲတွေကြောင့် Facebook က ပထမ Youtube က ဒုတိယနေရာရောက်လာတာကို စစ်တမ်းတွေအရတွေ့ရပါတယ်။ ကျနော်တို့ Newness က ရေးထားတဲ့ ရက် ၁၀၀ အတွင်း Social Media အသုံးပြုမှု့အခြေအနေ ကိုလဲ ဒီလင့် ကနေ သွားကြည့်လို့ရပါတယ်။

Ref: MarketingTip, Hubspot, Statistics

More Blog Post​

Free Digital
Consultation