fbpx

ရက် 100 အတွင်း မြန်မာနိုင်ငံ၏ Social Media အသုံးပြုမှုအခြေအနေ

100 days in social media

တိုးတက်လာသော ခေတ်ရေစီးကြောင်းနှင့်အညီ လုပ်ငန်းအများစုသည်လည်း Digital Platform တွေပေါ်မှာ အရှိန်အဟုန်မြင့်လုပ်ကိုင်လာကြပါတယ်။ မြန်မာနိုင်ငံမှာလဲ ​Covid 1st wave နဲ့ 2nd Wave ကြားမှာ လုပ်ငန်းတွေ အကုန်လုံးဟာ Digital ပေါ်ကို တက်လာတာ အားရစရာတစ်ခုဖြစ်ခဲ့ပါတယ်။ သို့ပေမယ့် ၂၀၂၁ ခုနှစ်အစမှာတော့ မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအခြေအနေများဖြစ်ပေါ်ကာ အင်တာနက်သုံးစွဲမှု ဖြတ်တောက်ခြင်းခံခဲ့ရခြင်းကြောင့် Digital Platform များပေါ်မှာ ရပ်တည်နေကြတဲ့ လုပ်ငန်းအများစုသည်လည်း ရပ်တန့် ခဲ့သလို စားသုံးသူတွေဆီသို့ Information ပေးရာတွေမှာ အခက်အခဲတွေ ရင်ဆိုင်ခဲ့ရပြီး စားသုံးသူများနှင့် Communication ပြုလုပ်ဖို့နည်းလမ်းတွေလည်း ဆုံးရှုံးခဲ့ရပါတယ်။ 

လက်ရှိ စစ်တမ်းတွေက ဘာတွေလဲ?

၂၀၂၀ နှစ်ကုန်ပိုင်းကာလအတွင်း မြန်မာနိုင်ငံမှာ အသုံးပြုမှုအများဆုံးဖြစ်တဲ့ Facebook တွင် အင်တာနက်အသုံးပြုသူ အရေးအတွက်၏ 95.95% အထိရှိနေခဲ့တာကို statcounter ရဲ့ report အရမြင်တွေ့ရမှာပါ။ ထို့နောက် အထက်မှာပြောခဲ့တဲ့ နိုင်ငံရေး အခြေအနေကြောင့် Social Media (အဓိကအားဖြင့် Facebook) အသုံးပြုမှုကို ထိန်းချုပ်လိုက်ပြီးနောက်မှာတော့ အသုံးပြုသူ 92% နီးပါးအထိ ကျဆင်းခဲ့ပါတယ်။ သို့ပေသော်ငြားလည်း စစ်တမ်း များအရ မြန်မာနိုင်ငံအတွင်း အသုံးပြုသူနည်းပါးခဲ့သော Twitter , Telegram ကဲ့သို့ အခြား Social media Platform တွေရဲ့ အသုံးပြုမှုကတော့ သိသိသာသာတိုးတက်လာခဲ့ပါတယ်။

Image : Statcounter မှ Social Media Stats Report (Dec 2020 – Feb 2021)

ဒုတိယ အသုံးများတဲ့ တစ်ခု?

နိုင်ငံရေး အခြေအနေကြောင့် Facebook အသုံးပြုမှု့ဟာ 2021 Feb – 2021 Apr အတွင်း ယခင် ၃ လဖြစ်တဲ့ 2020 Dec – 2020 Feb နဲ့ နှိင်းယှဉ်ရင် 1.49% ကျဆင်းခဲ့ပေမယ့်လည်း Facebook ကတော့ အသုံးပြုမှုပထမနေရာမှာ ရှိနေဆဲပါ။ ဒီ Statcounter ရဲ့ Report မှာတော့ အခြား လူသုံးများလာတဲ့ Telegram တို့  Signal လိုမျိုး Report မပါပေမယ့် ရှေ့က report နဲ့ နှိုင်းယှဉ်လို့ရမယ့် Youtube ကတော့ ဒုတိယအသုံးများဆုံး နေရာကို ရောက်ရှိလာတာတွေ့ရပါတယ်။ Social media (အဓိက Facebook) ကို VPN ကြားခံပြီး အသုံးပြုလို့ရနေပေမယ့် မြန်မာနိုင်ငံရှိ လုပ်ငန်းတွေအနေနဲ့တော့ မိမိရဲ့ Target Audience တွေ ကို ပြန်ရှာဖို့ အခက်အခဲတွေ တွေ ရှိနေဆဲပါ။

Image : Statcounter မှ Social Media Stats Report (Feb 2021 – Apr 2021)

Youtube ကိုစဉ်းစားသင့်ပြီလား?

Youtube ကိုတော့ တစ်ချို့ Network တွေမှာ VPN ကြားခံပြီး အသုံးပြုရန် မလိုအပ်တဲ့အတွက်ကြောင့် လေ့လာတွေ့ရှိချက်တွေအရ အသုံးပြုသူ (၁၀) ဦး မှာ (၈) ဦးဟာဆိုလျှင် Video ကြေငြာတွေကို ကြည့်ပြီး Product တွေကို ဝယ်ယူဖို့ ဆုံးဖြတ်ကြကြောင်း တွေ့ရှိရပါတယ်။ 70% ကတော့ သူတို့ရဲ့ Social media Account တွေမှာ ပြန် share ကြပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ brand ကို စားသုံးသူတွေနဲ့ အဆက်မပြတ်ရအောင် Youtube Platform ကို အသုံးပြုပြီး ကိုယ်ပိုင် Channel တည်ဆောက်ကာ Video content တွေ တင်ပေးခြင်း ၊ စက္ကန့်ပိုင်းစာ ကြေငြာများ ထည့်သွင်းခြင်း တို့ဖြင့် စားသုံးသူများဆီသို့ Information များပေးပို့နိုင်ပါတယ်။

ရက် (၁၀၀) အတွင်း သုံးသပ်မှု?

Image : Netblocks.org မှ ထုတ်ပြန်ထားတဲ့ မြန်မာနိုင်ငံရဲ့ Internet Connectivity အခြေအနေ

အင်တာနက်လိုင်းတွေ ပြတ်တောက်မှု့တွေ နဲ့ အတူ အခြား အခက်အခဲတွေ ပါ ရင်ဆိုင်နေရတာတွေ ရှိနေဆဲပါ။ Mobile Internet User တွေဟာ Fiber Line, Broadband စတဲ့ အထိုင်သုံးတဲ့ User တွေထက် ရာခိုင်းနှုန်းအများအပြားရှိနေပါတယ်။ အခုဆိုရင် Mobile Internet ဖြတ်တောက်မှု့တွေကြားကနေ အသုံးပြုလို့ရလာတာတွေကတော့ Banking Application တွေပါပဲ။ နောက်ဆုံးသုံးသပ်ရရင် Covid ကာလမှာ Digital Business Process တွေစတင် အလေ့အကျင့်ပြုလုပ်လာတဲ့ စာသုံးသူတွေရော လုပ်ငန်းရှင်တွေ ရောကို ဒီ ရက် (၁၀၀) အတွင်း ရပ်တန့်ခံလိုက်ရသလိုပါပဲ။ အကောင်းထဲက အဆိုးတစ်ခု ပြောရရင်လည်း မြန်မာနိုင်ငံမှာ Facebook တစ်ခုတည်းကိုပဲ အားကိုးနေရတဲ့ လုပ်ငန်းရှင်တွေကတော့ နောက်ပိုင်းမှာ Audience တွေ ပြန့်သွားတဲ့ အခြား channel တွေ (Telegram, Twitter, Youtube) တို့ပေါ်မှာပါ ပြိုင်ဆိုင်မှု့တွေ ဖြစ်ပေါ်လာနိုင်တဲ့ အတွက် ကြိုတင် အစီအစဉ်ထဲ ထည့်သွင်းစဉ်းစားထားရင် အကောင်းဆုံးပါ။


More Blog Post​

Facebook Broadcast Channel Feature
Broadcast Channel တွေဟာ Meta ကနေ Facebook နဲ့ Messenger တွေမှာ နောက်ဆုံးပေါ် ထပ်ပေါင်းထည့်ထားတဲ့ Feature တစ်ခုပဲဖြစ်ပါတယ်။  Facebook page တွေကို manage လုပ်နေတဲ့ Creator တွေအပြင် စီးပွားရေးလုပ်ငန်းရှင်များ၊ ..

Free Digital
Consultation