Branding မှာ အရေးပါတဲ့ Visual Brand Identity

သင့်လုပ်ငန်းကို လူတွေသတိထားမိရဲ့လား? 

Customer တစ်ယောက် သင့်လုပ်ငန်းကို သတိထားမိဖို့ဆိုရင် အရင်ဆုံး သင့်လုပ်ငန်းရဲ့ Brand Identity တွေဖြစ်တဲ့ လုပ်ငန်းနာမည်၊ လုပ်ငန်း Logo ၊ လုပ်ငန်းမှာ အသုံးပြုထားတဲ့ အရောင်တွေ၊ စာလုံးတွေကစလို့ သင့်လုပ်ငန်းက သတ်မှတ်ထားတဲ့ စံတန်ဖိုးတွေ၊ ရည်မှန်းချက်တွေ၊ ကတိကဝတ်တွေနဲ့ သင့်လုပ်ငန်းကပေးတဲ့ ဝန်ဆောင်မှုတွေရဲ့ အရည်အသွေးတွေအထိ ပါဝင်ပါတယ်။ 

ဒီလိုများပြားလှတဲ့ Brand Identity တစ်ခုရဲ့ အစိတ်အပိုင်းတွေထဲမှာမှ Customer တွေရဲ့ အာရုံစိုက်မှုနဲ့ ယုံကြည်မှုရရှိဖို့ လွှမ်းမိုးမှုအရှိဆုံး အစိတ်အပိုင်းကတော့ သင့်လုပ်ငန်းရဲ့  First Impression ဖြစ်တဲ့ Visual Brand Identity ပါပဲ။ 

ဒါဆိုရင် Visual Brand Identity ထဲမှာ ဘာတွေပါသလဲဆိုတာ ကြည့်လိုက်ရအောင်ပါ။ 

  1. Logo

Brand တစ်ခုရဲ့ အမှတ်သင်္ကေတဖြစ်တဲ့ Logo ရေးဆွဲရာမှာ Brand ရဲ့ Personality နဲ့ ကိုက်ညီမှုရှိဖို့ လိုအပ်သလို Logo နဲ့ ပတ်သက်ပြီး တိကျရှင်းလင်းတဲ့ စည်းမျဉ်းတွေလည်း သတ်မှတ်ထားဖို့လည်း လိုအပ်ပါတယ်။ ဒါမှသာ Social Media Platform တွေမှာရော Printing ပိုင်းမှာပါ အဆင်ပြေပြေ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ 

  1. Color Pallet

အရောင်တွေဟာ လူတွေရဲ့ခံစားချက်နဲ့ ဆက်သွယ်နိုင်စွမ်းရှိပါတယ်။ ဒါကြောင့် အရောင်တွေရွေးချယ်တဲ့အခါ Brand Personality ကိုဖော်ပြပေးနိုင်ပြီး Audience တွေရဲ့ ခံစားချက်နဲ့ ချိတ်ဆက်ပေးနိုင်ဖို့ ရေရှည်မှာလည်း တစိုက်မတ်မတ်အသုံးပြုနိုင်မယ့် Color Palette တွေကို ရွေးချယ်သင့်ပါတယ်။

  1. Typography

Typography ရွေးချယ်တဲ့အခါ Brand ရဲ့ Logo, Color Palette တွေနဲ့ လိုက်ဖက်မှုရှိဖို့ကလည်း အရေးကြီးပါတယ်။ ဒါ့အပြင် Headline မှာသုံးမယ့် Font နဲ့  Body Text မှာ သုံးမယ့် Font တွေကို သေချာသတ်မှတ်ထားဖို့လိုအပ်ပြီး Text တွေ ရေးသားရာမှာလည်း Consistent ဖြစ်နေဖို့ သတိထားရပါမယ်။

  1. Imagery Style

လူတွေရဲ့နှလုံးသားထဲမှာ နေရာယူထားနိုင်တဲ့ Brand တစ်ခုတည်ဆောက်နိုင်ဖို့ Design မှာသုံးမယ့် Photography, Illustration တွေနဲ့ Visual Element တွေကအစ Unique ဖြစ်နေဖို့ လိုအပ်ပါတယ်။ ဒါကြောင့် Brand Consistency ရှိဖို့ Imagery Style အတွက် Guideline တွေကိုလည်း ကြိုတင်သတ်မှတ်ထားသင့်ပါတယ်။

  1. Iconography

Iconography ဆိုတာကတော့ Brand နဲ့ Audience ကြားမှာ အရိုးရှင်းဆုံးနဲ့ အမြန်ဆန်ဆုံး Communicate လုပ်ပေးနိုင်တဲ့ Brand Assets ပဲဖြစ်ပါတယ်။ Icon‌ တွေကို ဒီဇိုင်းတွေ၊ App တွေနဲ့ Website တွေမှာ အများဆုံးအသုံးပြုတာကြောင့် Brand Identity ဖန်တီးရာမှာလည်း မဖြစ်မနေထည့်သွင်းရေးဆွဲသင့်ပါတယ်။

အခုဖော်ပြပေးခဲ့တဲ့ Key Elements တွေအားလုံးကတော့ ရဲ့ အဓိကအရေးအကြီးဆုံးအစိတ်အပိုင်းတွေပဲဖြစ်ပါတယ်။ ဒါကြောင့် သင့်လုပ်ငန်းရဲ့ ကို အမြင်နဲ့တင် တန်ဖိုးရှိတဲ့ Brand တစ်ခုအဖြစ် ထင်မြင်သွားနိုင်ဖို့အတွက်ဆိုရင် သင့်လုပ်ငန်းရဲ့ ကို ပြိုင်ဘက်လုပ်ငန်းတွေနဲ့ ထူးခြားကွဲထွက်နေအောင် ဖန်တီးတည်ဆောက်သင့်ကြောင်းပြောရင်း အဆုံးသတ်ပါရစေ။ 

လူကြီးမင်းတို့လုပ်ငန်းအတွက် တစ်ခု တည်ဆောက်ဖို့ အချိန်တန်ပြီလို့ ထင်မြင်ယူဆတယ်ဆိုရင်တော့ Newness ကိုသာ ယုံကြည်စိတ်ချစွာ ဆက်သွယ်လိုက်ပါ။ 

Newness မှာ လူကြီးမင်းတို့လုပ်ငန်းအတွက် လိုအပ်တဲ့ Visual Brand Identity ဖန်တီးရေးဆွဲပေးခြင်း ဝန်ဆောင်မှုအပြင် Content, Design, Boosting, Strategies and Analysis စတဲ့ Digital Marketing ဝန်ဆောင်မှုတွေအတွက် သက်ဆိုင်ရာကျွမ်းကျင် Professional Team တစ်ခုလုံး အဆင်သင့်ရှိနေပါတယ်။ 

ဒါ့အပြင် လူကြီးမင်းတို့လုပ်ငန်းအတွက် တိုင်ပင်ဆွေးနွေးလိုသမျှကို အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ဖို့ https://bit.ly/digitalconsultnewness မှာလည်း Digital Consultation Service ကို ရယူနိုင်ပါပြီ။ 

More Blog Post​

Free Digital
Consultation