ဘောလုံးပွဲရာသီမှာ မားကတ်တင်းဘယ်လိုလုပ်ကြမလဲဆိုတာကို စဉ်းစားပြီးပြီလား။ ⚽️
ဘောလုံးပွဲရာသီ ရောက်ပြီဆိုရင် Newsfeed တစ်ခုလုံးမှာ ဘောလုံးအကြောင်းတွေနဲ့ချည်း ပွက်လောရိုက်နေတာကို အားလုံးလည်း သတိထားမိကြမှာပါ။ ဒီလိုအချိန်မျိုးမှာ ပါးနပ်တဲ့ လုပ်ငန်းရှင်တွေကတော့ ဒီတိုင်းငြိမ်ပြီး ထိုင်ကြည့်မနေကြဘဲ ဒီဘောလုံး Trend ကို အသုံးချပြီး ကိုယ့် Brand ကို လူသိများလာအောင် သဘာဝကျကျ ဖန်တီးတတ်ကြပါတယ်။
ဒါကြောင့် ဒီနေ့မှာတော့ ဘောလုံးရာသီမှာ လူတွေရဲ့ စိတ်ဝင်စားမှုကို အရယူပြီး စျေးကွက်ထဲမှာ နေရာယူနိုင်မယ့် အကောင်းဆုံး နည်းလမ်း (၃) ခုကို မျှဝေပေးသွားပါမယ်။
🔸Brand Relevance
ဘောလုံးပွဲရဲ့ Trend ကို အသုံးချပြီး ကိုယ့်ရဲ့ ကုန်ပစ္စည်းတွေ ဒါမှမဟုတ် ဝန်ဆောင်မှုတွေကို လူတွေရဲ့ လိုအပ်ချက်နဲ့ ကွက်တိဖြစ်အောင် ဖန်တီးပေးနိုင်ပါတယ်။ ဥပမာ ကိုယ့်လုပ်ငန်းက စားသောက်ကုန်တွေ ရောင်းချတယ်ဆိုရင် ညဘက်ပွဲကြည့်ရင်း အဆာပြေစားလို့ရကြောင်း ကြော်ငြာနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုကြော်ငြာတွေ ဖန်တီးမယ်ဆိုရင် Brand နဲ့ကိုက်ညီမှုရှိဖို့တော့ လိုအပ်ပါတယ်။ မိန်းကလေးတွေကြိုက်တဲ့ Fashion Accessories တွေရောင်းတဲ့ Brand ဆိုရင်တော့ ဘောလုံးရာသီနဲ့ မကိုက်ညီတာကြောင့် လုပ်ဖို့မသင့်တော်ပါဘူး။
🔸Post-Match Memes
ပွဲပြီးတာနဲ့ ကွင်းထဲကအလွဲတွေနဲ့ ထူးခြားတဲ့ အခိုက်အတန့်တွေကို ကိုယ့် Brand Concept နဲ့ ရောစပ်ပြီး ရယ်စရာ Meme Content တွေ ချက်ချင်း တင်နိုင်ပါတယ်။ ဘောလုံးပရိသတ်တွေက Share ကြရင်းနဲ့ သင့် Brand ဟာ Viral ဖြစ်သွားပါလိမ့်မယ်။
🔸Fan Engagement
ဒီညပွဲမှာ ဘယ်အသင်းကို အားပေးနေကြလဲဆိုတဲ့ ပေါ့ပေါ့ပါးပါး မေးခွန်းမျိုးတွေနဲ့လည်း Comment ပေးချင်လာအောင် လုပ်နိုင်ပါတယ်။ လူတွေက ကိုယ်အားပေးတဲ့ အသင်းအကြောင်း Comment မှာ အပြိုင်အဆိုင် ဝင်ရောက်ဆွေးနွေးရင်းကနေ သင့် Page ရဲ့ Engagement Rate ကို သိသိသာသာ တက်လာစေပါတယ်။
တကယ်တော့ Football Marketing ဆိုတာ ကြော်ငြာသက်သက်ပဲ မဟုတ်ပါဘူး။ လူတွေ စိတ်လှုပ်ရှားနေကြတဲ့ အချိန်မှာ ကိုယ့် Brand ကပါ အတူတူ ဝင်ရောက်ဆင်နွှဲပေးလိုက်တာပဲ ဖြစ်ပါတယ်။
ဒီအချက်လေးတွေကိုကြည့်ပြီး ကိုယ့်လုပ်ငန်းက ဘောလုံးနဲ့ တိုက်ရိုက်မသက်ဆိုင်ရင်တောင် အခုလို Trend တွေကို ပါးပါးနပ်နပ် အသုံးချပြီး ဝယ်ယူသူတွေနဲ့ ပိုပြီးရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်ပါတယ်။
သင့်လုပ်ငန်းကရော ဒီဘောလုံးရာသီမှာ Marketing Activity တွေ လုပ်ဖို့ ပြင်ဆင်ထားပြီးပြီလား။ မပြင်ဆင်ရသေးဘူးဆိုရင်တော့ Newness Digital မှာ “အခမဲ့တိုင်ပင်ဆွေးနွေးခွင့် ၁ ကြိမ်” နဲ့အတူ Branding & Digital Marketing ဝန်ဆောင်မှုတွေကို https://bit.ly/digitalconsultnewness မှာ ရယူလိုက်ပါ။📮