အကျိုးအမြတ်ထက်ပိုတဲ့ မားကတ်တင်း ရည်ရွယ်ချက်

ဒီနေ့ခေတ် ဝယ်ယူသူတွေဟာ ပစ္စည်းရဲ့ အရည်အသွေးကိုတင်မကဘဲ အဲဒီလုပ်ငန်းက လူတွေအပေါ်ထားရှိတဲ့ စေတနာကိုပါ မြင်ရတဲ့အခါ ပိုပြီးတော့ ယုံကြည်စိတ်ချစွာ ရွေးချယ်လာတတ်ကြပါတယ်။ ဒါကြောင့်လည်း CSR (Corporate Social Responsibility) က Modern Marketing မှာ မရှိမဖြစ် အရေးကြီးလာတာပါ။ 

 

ဒီနေ့မှာတော့ လူတွေရဲ့ ယုံကြည်မှုကို ရရှိလာအောင် ကိုယ့်လုပ်ငန်းမှာ လက်တွေ့အသုံးချနိုင်မယ့် CSR လုပ်ဆောင်ချက် (၃) ခုကို မျှဝေပေးချင်ပါတယ်။ 

 

🔸Sustainable Packaging 

ပလတ်စတစ်ကို အတတ်နိုင်ဆုံးလျှော့သုံးပြီး သဘာဝအတိုင်း ဆွေးမြည့်လွယ်တဲ့ ပစ္စည်းတွေ (ဒါမှမဟုတ်) ပြန်လည်အသုံးပြုလို့ရတဲ့ Packaging တွေကို ပြောင်းလဲသုံးစွဲခြင်းက သင့်လုပ်ငန်းကို ပိုပြီး စမတ်ကျစေပါတယ်။

 

🔸 Community Support

လုပ်ငန်းရဲ့ အကျိုးအမြတ်ထဲက တစ်စိတ်တစ်ပိုင်းကို ပညာရေး၊ ကျန်းမာရေးနဲ့ ဒေသတွင်း လိုအပ်ချက်တွေမှာ ပြန်လည်ရင်းနှီးမြှုပ်နှံပါ။ ဒါဟာ ငွေကြေးလှူဒါန်းရုံတင်မဟုတ်ဘဲ ဝယ်ယူသူတွေနဲ့ လုပ်ငန်းကြားထဲမှာ ခိုင်မာတဲ့ ယုံကြည်မှုကို တည်ဆောက်လိုက်တာ ဖြစ်ပါတယ်။

 

🔸 Ethical Sourcing 

ကုန်ကြမ်းတွေဝယ်ယူတဲ့အခါ ဒေသခံ Supplier တွေကို ထိုက်တန်တဲ့ဈေးပေးပြီး အလုပ်သမား အခွင့်အရေးတွေကို လေးစားလိုက်နာပါ။ ဒီလို ရိုးသားမှုတွေက သင့်လုပ်ငန်းရဲ့ ဂုဏ်သိက္ခာကို အခိုင်မာဆုံး ဖြစ်စေမှာပါ။

 

အခုလိုမျိုး CSR Activity တွေကိုသုံးပြီး လုပ်ငန်းရဲ့ ရည်ရွယ်ချက်ကို ပေါ်လွင်အောင် ပြောပြနိုင်တာဟာ ဝယ်ယူသူတွေနဲ့ သာမာန်အရောင်းအဝယ်ထက်ပိုတဲ့ Emotional Connection ကို ရရှိစေပါတယ်။ ဒီလိုမျိုး Connection ကနေတစ်ဆင့် ခိုင်မာတဲ့ ယုံကြည်မှုဆိုတာ ဖြစ်လာတာပါ။

 

အမြတ်အစွန်းဆိုတာ ခဏတာဖြစ်ပေမယ့် စိတ်ရင်းစေတနာနဲ့ တာဝန်ယူတာကတော့ သင့်လုပ်ငန်းကို လူတွေရဲ့ နှလုံးသားထဲမှာ ရေရှည်စွဲထင်ကျန်ခဲ့စေမယ့် အရာပါပဲ။ 

 

ဒါဆို မိတ်ဆွေတို့လုပ်ငန်းရော ဝယ်ယူသူတွေနဲ့ ယုံကြည်မှုတည်ဆောက်ဖို့အတွက် CSR နဲ့ပတ်သက်ပြီး ဘာတွေလုပ်ဖြစ်နေပြီလဲ။ 

 

လူတွေရဲ့ စိတ်ထဲမှာ ခိုင်ခိုင်မာမာ နေရာယူနိုင်တဲ့ လုပ်ငန်းတစ်ခုဖြစ်ဖို့အတွက် Newness Digital ရဲ့ Branding & Digital Marketing ဝန်ဆောင်မှုတွေကို ရယူလိုတယ်ဆိုရင်တော့ “အခမဲ့တိုင်ပင်ဆွေးနွေးခွင့် ၁ ကြိမ်” နဲ့အတူ https://bit.ly/digitalconsultnewness မှာ ဖောင်ဖြည့်ပြီး ရယူနိုင်ပါတယ်။ 

 

#CSRMarketing #PurposeDrivenBranding #SustainableBusiness #BrandTrust  #MarketingInsights #NewnessDigital

 

More Blog Post​

Free Digital
Consultation