သင်္ကြန်မှာ Cultural Branding ဘယ်လိုလုပ်မလဲ?

Brand တွေအတွက် သင်္ကြန်ဆိုတာ ဝယ်ယူသူတွေနဲ့ ပျော်ရွှင်စရာတွေ အတူဝေမျှနိုင်တဲ့ အချိန်ဆိုလည်း မမှားပါဘူး။ ဒါပေမဲ့ မေးခွန်းတစ်ခုကတော့ သင်္ကြန်ကာလမှာ Brand တစ်ခုက ကိုယ်ပိုင်ပုံစံကို မပျောက်ပျက်စေဘဲ သင်္ကြန်ရဲ့ ရိုးရာအငွေ့အသက်တွေနဲ့အတူ စီးမျှောပါဝင်နိုင်အောင် ဘယ်လိုဖန်တီးရမလဲဆိုတာပဲ ဖြစ်ပါတယ်။ 

အဖြေကတော့ Cultural Branding ပါပဲ။ ဒီနည်းလမ်းကတော့ သင်္ကြန်ရိုးရာကို နားလည်တန်ဖိုးထားပြီး ကိုယ့် Brand နဲ့ လိုက်လျောညီထွေဖြစ်အောင် ပြန်လည်ဖန်တီးတဲ့ နည်းလမ်းလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် သင်္ကြန် Campaign တစ်ခု အောင်မြင်ဖို့ဆိုရင် ကြော်ငြာတစ်ခုထက်ပိုပြီး Cultural Branding ကိုလည်း နားလည်ဖို့ လိုပါတယ်။

ဒါကြောင့် ဒီနေ့မှာတော့ ရိုးရာနဲ့ ခေတ်သစ် ပေါင်းစပ်တဲ့ Cultural Branding ဆိုတာကို ဘယ်လိုပုံဖော်ရမလဲ ဆိုတာ ဝေမျှပေးချင်ပါတယ်။ 

 

Visual Identity

သင်္ကြန်ရောက်လာပြီဆိုရင် Brand မှာသုံးမယ့် Visual တွေကလည်း သင်္ကြန် Vibe နဲ့ ကိုက်ညီနေသင့်ပါတယ်။ အရေးကြီးတာကတော့  မူလအရောင်နဲ့ ပုံစံကို မပျောက်ပျက်စေဘဲ သင်္ကြန်ရိုးရာ အငွေ့အသက်တွေ ထပ်မံပေါင်းစပ်ဖန်တီးဖို့ပါပဲ။ ဥပမာ- သင်္ကြန်ကာလရောက်လာတာနဲ့ Brand ရဲ့နဂိုမူလအရောင်မှာ သင်္ကြန်အရောင်တွေဖြစ်တဲ့ ပိတောက်ပန်းအရောင်၊ ရေအရောင်၊ အတာအိုးအရောင်တွေကို ထပ်မံပေါင်းစပ်ပြီး လိုက်ဖက်အောင် သုံးလိုက်ရင် ပိုပြီးအသက်ဝင်လာစေမှာပါ။ ဒါ့အပြင် ပုံတွေ၊ ဗီဒီယိုတွေမှာ သင်္ကြန်ကာလကို ကိုယ်စားပြုတဲ့ Traditional element တွေကို 2D၊ 3D illustration တွေနဲ့ ထည့်သွင်းအသုံးပြုသင့်ပါတယ်။

 

Brand Voice & Tone

သင်္ကြန်ကာလဆိုတာ လူတိုင်း စိတ်ကြည်လင်လန်းဆန်းပြီး ပျော်ရွှင်နေတဲ့အချိန်ပါ။ ဒါကြောင့် Brand ရဲ့ စကားပြောပုံကိုလည်း ပေါ့ပါးပြီး အသက်ဝင်နေအောင် ပြောင်းလဲသင့်ပါတယ်။ တိုတိုတုတ်တုတ် ထိထိမိမိ အရေးအသားတွေကို အသုံးပြုသင့်သလို အကြောင်းအရာတွေကို ဖန်တီးတဲ့အခါမှာလည်း သင်္ကြန်နဲ့ သက်ဆိုင်တာတွေကို ကိုယ့် Brand ရဲ့ Value တွေနဲ့ ပေါင်းစပ်ရေးသာပြီး Storytelling ပုံစံမျိုး ဖန်တီးသင့်ပါတယ်။ 

 

Interactive Engagement

နောက်တစ်ချက်အနေနဲ့ သင်္ကြန်ရိုးရာကို အခြေခံပြီး Digital Marketing နည်းပညာတွေနဲ့ ဝယ်ယူသူတွေကို ဆွဲဆောင်နိုင်သင့်ပါတယ်။ သင်္ကြန်ဆိုတာဟာ အားလုံးပါဝင်ဆင်နွှဲရတဲ့ ပွဲတော်ဖြစ်တဲ့အလျောက် အားလုံးနဲ့တစ်သားတည်း ဖြစ်နေအောင် ဖန်တီးပေးသင့်ပါတယ်။ ဥပမာအားဖြင့် TikTok မှာ Brand Logo ပါတဲ့ သင်္ကြန်အမှတ်တရ AR Filter တွေဖန်တီးပြီး လူတွေအသုံးပြုလာအောင် လုပ်တာမျိုး ဖြစ်ပါတယ်။ ပြီးတော့ ကိုယ့် Audience နဲ့ ကိုက်ညီတဲ့ User-Generated Content တွေ ဖန်တီးပြီး “ဒီနှစ် သင်္ကြန်ကို ဘယ်လို ဆင်နွှဲနေကြလဲ” ဆိုတဲ့ မေးခွန်းလေးတွေ မေးပေးရင် လူတွေနဲ့ Brand ရဲ့ကြားထဲက ချိတ်ဆက်မှုကို ပိုအားကောင်းစေပါတယ်။ 

 

တကယ်တော့ သင်္ကြန်ရိုးရာကို တန်ဖိုးထားပြီး ဖန်တီးမှုအသစ်တွေကို ပြနိုင်တဲ့ Brand တွေကိုသာ လူတွေက ပိုပြီးတော့ မှတ်မိတတ်ကြပါတယ်။ ဒါကြောင့် Brand တစ်ခုအတွက် သင်္ကြန်ကာလမှာ အရေးကြီးတဲ့မေးခွန်းက ဒီသင်္ကြန်မှာ ကိုယ့်ရဲ့ Brand က ကြော်ငြာတစ်ခုလုပ်မှာလား၊ ဒါမှမဟုတ် သင်္ကြန်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာမှာလား ဆိုတာပါပဲ။

ကိုယ့် Brand ကို ကြော်ငြာတစ်ခု ဖန်တီးဖို့အတွက်တင်မဟုတ်ပဲ သင်္ကြန်ရဲ့ပျော်ရွှင်မှုတွေ၊ ရိုးရာအငွေ့အသက်တွေနဲ့ပါ ပေါင်းစပ်ပြီး လူတွေသိလာစေမယ့် Brand ဖြစ်လာအောင် ပြင်ဆင်ထားသင့်ပါတယ်။

ဒါဆို ဒီနှစ် သင်္ကြန်မှာတော့ Brand ကို သင်္ကြန်ခံစားမှုနဲ့ ကိုက်ညီအောင် ပြင်ဆင်ပြီး Audience တွေနဲ့ ပျော်ရွှင်စရာ ချိတ်ဆက်မှုတွေ ဖန်တီးလိုက်ကြဖို့ အဆင်သင့်ဖြစ်နေပြီလား 🎉

#CulturalBranding #TraditionMeetsInnovation #BrandExperience #NewnessDigital

 

More Blog Post​

Free Digital
Consultation