TikTok Marketing လုပ်ဖို့ ဘာတွေ သိထားသင့်လဲ?

ဆိုရှယ်မီဒီယာကို အဓိကအားထားနေရတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ TikTok Marketing ကို မေ့ထားလို့ မဖြစ်ပါဘူး။

TikTok Marketing ဆိုတာ လူကြိုက်များတဲ့ Short-form Video Content, Trending Challenge စတဲ့ Features တွေအသုံးပြုပြီး လုပ်ငန်းတစ်ခုရဲ့ ထုတ်ကုန် (သို့) ဝန်ဆောင်မှုတွေကို Audience တွေ စိတ်ဝင်စားလာအောင် ဆွဲဆောင်နိုင်တဲ့ နည်းဗျူဟာတစ်ခု ဖြစ်ပါတယ်။

ဒါကြောင့် TikTok Marketing ကို အခုမှစလုပ်မယ့် လုပ်ငန်းရှင်မိတ်ဆွေတွေအနေနဲ့…

  • Audience အကြိုက် Video Content တွေဖန်တီးနိုင်ဖို့ ကိုယ့် Target Audience ရဲ့ Interest နဲ့ Behavior တွေကို သေချာလေ့လာထားသင့်ပါတယ်။
  • နောက်ပြီး Audience အကြိုက်နဲ့ ကိုက်ညီတဲ့ Content Style အသစ်တွေ ရှာဖွေနိုင်ဖို့ မတူကွဲပြားတဲ့ Content Ideas အသစ်တွေလည်း စမ်းကြည့်ဖို့ အကြံပေးပါရစေ။
  • TikTok ဟာ ဖျော်ဖြေရေးပလက်ဖောင်းတစ်ခုဖြစ်တာကြောင့် Entertainment, Trending & Challenges ဖြစ်စေမယ့်ပို့စ်တွေကိုလည်း ဦးစားပေးဖန်တီးသင့်ပါတယ်။

ဒါ့အပြင် မိတ်ဆွေတို့လုပ်ငန်းနဲ့ Audience တွေကြားမှာ အချိတ်အဆက်မိနေစေဖို့ Viral ဖြစ်နေတဲ့ Challenges တွေနဲ့ Trending Hashtags တွေ အသုံးပြုပေးဖို့လိုအပ်ပါတယ်။ 

နောက်ပြီး Marketing Campaign တွေလုပ်တဲ့အခါမှာလည်း မိတ်ဆွေတို့ရဲ့ Customer တွေအပေါ်မှာ အမှန်တကယ် Influence လုပ်နိုင်တဲ့သူတွေနဲ့ ကြော်ငြာသင့်ပါတယ်။

နောက်ဆုံးအချက်အနေနဲ့ကတော့ Audience တွေနဲ့ အချိန်ပြည့်ထိတွေ့နိုင်ဖို့ Video တွေတင်တဲ့အခါ Consistency ရှိရှိနဲ့ နေ့စဉ်ပုံမှန်လေး တင်ပေးဖို့ပဲ ဖြစ်ပါတယ်။

အခုပြောပြပေးခဲ့တဲ့ အချက်တွေကို TikTok Marketing လုပ်မယ့်သူတိုင်း မဖြစ်မနေသိထားသင့်ပါတယ်။ 

လုပ်ငန်းရှင်မိတ်ဆွေတွေအနေနဲ့လည်း TikTok Marketing ကို Strategy ကျကျလုပ်ဆောင်နိုင်ဖို့ Content, Design, Boostings, Strategies and Analysis စတဲ့ Digital Marketing ဝန်ဆောင်မှုတွေရယူချင်တယ်ဆိုရင်တော့ Newness ကိုသာ ယုံကြည်စိတ်ချစွာ ဆက်သွယ်လိုက်ပါ။ 

More Blog Post​

Free Digital
Consultation