Omnichannel Marketing ဆိုတာ ဘာလဲ?

Omnichannel Marketing ဆိုတာ ဘာလဲ?

 

Omnichannel Marketing ဆိုတာကတော့ ကိုယ့်ရဲ့ထုတ်ကုန် (သို့) ဝန်ဆောင်မှုအကြောင်းကို နေရာတစ်ခုတည်းကနေ ကြော်ငြာတာမျိုးမဟုတ်ဘဲ…

Omnichannel ဆိုတဲ့အတိုင်း Channel ပေါင်းစုံကနေ ကြော်ငြာနိုင်အောင် နေရာအနှံ့က Audience တွေနဲ့ ချိတ်ဆက်ထားတဲ့ Marketing နည်းဗျူဟာတစ်ခု ဖြစ်ပါတယ်။

 

ဒါဆို Omnichannel Marketing ကို ဘယ်လိုလုပ်ငန်းတွေမှာ အသုံးပြုသင့်လဲ?

အဖြေကတော့… လုပ်ငန်းတိုင်း Omnichannel Marketing ကို အသုံးပြုသင့်ပါတယ်။

ဘာကြောင့်လဲဆိုရင်… ဒီနေ့လို ဆိုရှယ်မီဒီယာခေတ်မှာ Channel တစ်ခုတည်းကနေ ကြော်ငြာ‌တာထက် Channel ပေါင်းစုံကနေ ကြော်ငြာတာက “မြင်ပါများတော့ ချစ်ကျွမ်းဝင်” ဆိုသလို များများမြင်လေ မြန်မြန် Awareness ဖြစ်လေပါပဲ။

 

နောက်ပြီး Omnichannel Marketing လုပ်ခြင်းကြောင့်…

နေရာအနှံ့မှာရှိနေတဲ့ ကိုယ့်ရဲ့ Customer တွေနဲ့ အရင်ကထက်ပိုပြီး ထိတွေ့ဆက်သွယ်လာနိုင်မယ်။

Customer အဟောင်းတွေအပြင် Customer အသစ်တွေရဲ့ အာရုံကိုလည်း ဖမ်းစားလာနိုင်မယ်။

Brand နဲ့ Customer တွေကြားမှာ ယုံကြည်မှုတည်ဆောက်လာနိုင်တာကြောင့် Loyal Customer စစ်စစ်တွေလည်း ရရှိလာမှာဖြစ်ပါတယ်။

 

ဒါကြောင့် လူကြီးမင်းတို့လုပ်ငန်းကို လူသိများပြီး ရောင်းအားပိုကောင်းလာစေချင်တယ်၊ Customer တွေနဲ့လည်း အမြဲဆက်သွယ်နေချင်တယ်ဆိုရင်တော့ Omnichannel Marketing လုပ်ဖို့ အကြံပေးပါရစေ။

ဒါ့အပြင် လူကြီးမင်းတို့လုပ်ငန်းအတွက် တိုင်ပင်ဆွေးနွေးလိုသမျှကို အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ဖို့ https://bit.ly/digitalconsultnewness မှာ ရယူနိုင်ပါတယ်။

More Blog Post​

Marketing Budget သတ်မှတ်ခြင်းက သင့်လုပ်ငန်းအောင်မြင်မှုအတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါ။ အထူးသဖြင့် Product တွေကို ဆိုရှယ်မီဒီယာပလက်ဖောင်းတွေကနေ အပြိုင်အဆိုင်ရောင်းချနေကြတဲ့ လက်ရှိဈေးကွက်အနေအထားမှာ...
Omnichannel Marketing ဆိုတာ ဘာလဲ? Omnichannel Marketing ဆိုတာကတော့ ကိုယ့်ရဲ့ထုတ်ကုန် (သို့) ဝန်ဆောင်မှုအကြောင်းကို နေရာတစ်ခုတည်းကနေ ကြော်ငြာတာမျိုးမဟုတ်ဘဲ...

Free Digital
Consultation