တပို့တွဲလမှာကျင်းပလေ့ရှိတဲ့ မြန်မာ့ရိုးရာထမနဲထိုးပွဲဆိုတာ မြန်မာတို့ရဲ့ရိုးရာအစဉ်အလာတစ်ခုဖြစ်သလို အသင်းအဖွဲ့အလိုက် စည်းလုံးညီညွတ်မှုကနေ ထွက်ပေါ်လာတဲ့ ရိုးရာအစားအစာတစ်မျိုးဆိုရင်လည်း မှားမယ်မထင်ပါဘူး။
ဒါဆို ဒီလိုအစဉ်အလာရှိတဲ့ ရိုးရာအစားအစာတစ်မျိုးကနေ ဘယ်လိုမားကတ်တင်းသင်ခန်းစာတွေကို သင်ယူနိုင်မယ်ထင်ပါသလဲ။
ထမနဲထိုးတယ်ဆိုတာ ခွန်အားရှိရုံနဲ့ မရပါဘူး။ အချိုးအစား မှန်ကန်ရမယ်၊ အချိန်ကိုက်ရမယ်၊ ပြီးတော့ စုပေါင်းလုပ်အား (Teamwork) လည်း လိုအပ်ပါတယ်။ ဒါဟာ အောင်မြင်တဲ့ Digital Marketing Campaign တစ်ခုကို တည်ဆောက်တဲ့ လုပ်ငန်းစဉ်နဲ့ တစ်ထပ်တည်းကျနေတာကို သေချာလေ့လာကြည့်ရင် မြင်နိုင်မှာဖြစ်ပါတယ်။
ဒီနေ့မှာတော့ ကျွန်တော်တို့ Newness ကနေ ထမနဲထိုးတဲ့ လုပ်ငန်းစဉ်ထဲကနေ သင်ယူနိုင်မယ့် Marketing Lessons တွေကို မျှဝေပေးလိုက်ပါတယ်။
🔶ပါဝင်ပစ္စည်းများ စုဆောင်းခြင်း (Market Research)
ထမနဲမှာ ကောက်ညှင်း၊ ဆီ၊ မြေပဲ၊ နှမ်း စတာတွေကို အကောင်းဆုံးဖြစ်အောင် ရွေးချယ်ရသလိုပါပဲ။ Marketing မှာလည်း Campaign တစ်ခုမစခင်မှာ မှန်ကန်တဲ့ Data တွေ၊ Audience Insight နဲ့ ပြိုင်ဘက်တွေရဲ့ အချက်အလက်တွေကို သေချာစုဆောင်းရပါတယ်။ ပါဝင်ပစ္စည်း (Data) မပြည့်စုံရင် ရလဒ်ကောင်းဖို့ မလွယ်ပါဘူး။
🔶 မီးအပူချိန်ထိန်းညှိခြင်း (Consistency)
ထမနဲထိုးတဲ့အခါ မီးပြင်းလွန်းရင် တူးသွားနိုင်သလို၊ မီးပျော့လွန်းရင်လည်း မကျက်နိုင်ပါဘူး။ Marketing မှာလည်း Brand Awareness ကို မီးအပူချိန်လို မှန်မှန်လေး ထိန်းထားနိုင်ဖို့ လိုအပ်ပါတယ်။ ကြော်ငြာတွေ အလွန်အကျွံပစ်တာမျိုး မဟုတ်ဘဲ Target Audience ရဲ့ မျက်စိထဲမှာ Brand ပုံရိပ်ကို အမြဲရှိနေအောင် Consistency ရှိရှိ တင်ဆက်ပေးနေရမှာပါ။
🔶 အားပြည့်အင်ပြည့်ထိုးမွှေခြင်း (Campaign Execution)
ထမနဲသားနှံ့စပ်အောင် ယောက်မကြီးတွေနဲ့ အားစိုက်ထိုးမွှေရတဲ့အဆင့်ဟာ Marketing ရဲ့ လက်တွေ့အကောင်အထည်ဖော်တဲ့ Execution အပိုင်းပါပဲ။ Strategy ရှိရုံနဲ့မရဘဲ Content တွေကို အချိန်အတိကျတင်တာ၊၊ Ads တွေကို Optimized ဖြစ်ဖြစ် Run တာနဲ့ Audience ဆီရောက်အောင် အမှန်တကယ် အားစိုက်လုပ်ဆောင်ရတဲ့ အဆင့်ဖြစ်ပါတယ်။
🔶 အချိုးကျကျ ရောစပ်ခြင်း (Integrated Marketing Mix)
ထမနဲမှာ မြေပဲ၊ နှမ်း၊ အုန်းသီးကို ဘယ်အချိန်မှာ ဘယ်လောက်ထည့်ရမယ်ဆိုတဲ့ “Recipe” က အရေးကြီးဆုံးပါ။ Marketing မှာလည်း သင့် Brand ရဲ့ ရည်မှန်းချက်အပေါ်မူတည်ပြီး
- Branding (The Base): အခြေခံကောက်ညှင်းသားလို ခိုင်မာတဲ့ Brand Identity
- Content & Social (The Texture): အုန်းသီးစိတ်လေးတွေလို စိမ့်ဝင်နေမယ့် Engagement
- Paid Ads & SEO (The Crunch): မြေပဲနဲ့ နှမ်းလိုမျိုး လူမြင်သာစေပြီး အရသာတိုးစေမယ့် Performance
စတဲ့ Channel တွေကို အချိုးကျကျ ပေါင်းစပ်ပေးဖို့ လိုအပ်ပါတယ်။
ဒါကြောင့် အရသာရှိတဲ့ ထမနဲတစ်ပွဲဖြစ်လာဖို့ အချိုးအစားနဲ့ အချိန်ကိုက်မှုက အရေးကြီးသလိုပဲ သင့် Brand အောင်မြင်ဖို့အတွက်လည်း မှန်ကန်တဲ့ Marketing Mix ရှိဖို့ လိုအပ်ပါတယ်။
ဒီနှစ် ထမနဲရာသီမှာ သင့် Brand အတွက် အရသာအရှိဆုံး Marketing Strategy တွေ အကောင်အထည်ဖော်ချင်တယ်ဆိုရင်တော့ “အခမဲ့တိုင်ပင်ဆွေးနွေးခွင့် ၁ ကြိမ်” နဲ့အတူ Newness Digital ရဲ့ Branding & Digital Marketing ဝန်ဆောင်မှုတွေကို https://bit.ly/digitalconsultnewness မှာ အခုပဲရယူလိုက်ဖို့ အကြံပြုလိုက်ပါရစေ။