ရောင်းအားတက်ဖို့လက်တွေ့အသုံးချ Strategy (၃)ခု
ကိုယ့်လုပ်ငန်းက လူသိနေပြီးသား Brand တစ်ခုဖြစ်ပေမယ့် ရောင်းအားမတက်တာက လုပ်ငန်းအများစု လက်ရှိတွေ့ကြုံနေရတဲ့ ပြဿနာတစ်ခုပါ။
Reach ကောင်းတယ်၊ Engagement ရှိတယ်၊ Post တွေလည်း လူကြည့်များတယ်၊ ဒါပေမယ့် Sales မတက်သေးဘူးဆိုရင် အကြောင်းအရင်းက Product မကောင်းလို့ မဟုတ်ပါဘူး။ များသောအားဖြင့် Strategy လွဲနေတာကြောင့် ဖြစ်နေတတ်ပါတယ်။
ကိုယ့်လုပ်ငန်းက လူသိများနေရုံနဲ့ ရောင်းအားတွေ အလိုလိုတက်လာမှာ မဟုတ်ပါဘူး။ Content တွေကို Like ရအောင်၊ Trend နဲ့ကိုက်အောင်ပဲ ဖန်တီးနေရင် Awareness အဆင့်မှာတင် ရပ်သွားနိုင်ပါတယ်။
ဒါဟာ ဘာကြောင့်လဲဆိုရင်
🔶 Customer ရဲ့ Pain Point ကို မထိနိုင်တာ
🔶 ကိုယ့် Brand ရဲ့ Value ကို ပေါ်လွင်အောင် မပြနိုင်တာ
🔶 နောက်တစ်ဆင့် ဘာလုပ်ရမလဲဆိုတဲ့ Call to Action မရှိတာ
ဒီလိုတွေဖြစ်နေလို့ စိတ်ဝင်စားတဲ့အဆင့်ကနေ ဝယ်ချင်စိတ်ဖြစ်တဲ့အဆင့်ထိ မရောက်နိုင်တာ ဖြစ်ပါတယ်။
ဒါကြောင့် လူသိများရုံတင်မကဘဲ Sales ပါ တက်စေချင်ရင်တော့ ဒီ Strategy (၃) ခုကို လက်တွေ့အသုံးချကြည့်သင့်ပါတယ်။
🔶 Content Strategy
ပထမဆုံးအနေနဲ့ ဝယ်သင့်မဝယ်သင့် ဆုံးဖြတ်ပေးနိုင်တဲ့ Content မျိုးတွေကို ပိုမိုထည့်သွင်းဖို့ လိုအပ်ပါတယ်။ Customer Review တွေ၊ Before & After Result တွေကို မြင်သာအောင်ပြတဲ့ Content တွေက ဝယ်ချင်လာတဲ့ အဆင့်အထိ ဆွဲခေါ်ပေးနိုင်ပါတယ်။ ဒီတိုင်းကြော်ငြာနေတာထက် လက်ဆုပ်လက်ကိုင်ပြနိုင်မှပဲ လူတွေက ဝယ်ဖို့တွေးကြတာ ဖြစ်ပါတယ်။
🔶 Follow-up Strategy
ဒုတိယအချက်ကတော့ Follow-up Strategy ဖြစ်ပါတယ်။ Post တစ်ခုတင်လိုက်တာနဲ့ လူတိုင်း ဝယ်မှာမဟုတ်တဲ့အတွက် Retargeting Ads တွေ၊ Reply တွေ၊၊ Limited Offer တွေလို နောက်ဆက်တွဲ လုပ်ဆောင်ချက်တွေဟာ စိတ်ဝင်စားပြီးသား လူတွေကို တကယ်ဝယ်ဖြစ်လာအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။ လုပ်ငန်းအပေါ် စိတ်ဝင်စားမှု မလျော့သွားဖို့အတွက် ဝယ်နိုင်ချေရှိတဲ့လူတွေနဲ့ အမြဲထိတွေ့နေဖို့က အရေးကြီးပါတယ်။
🔶 Buyer’s Journey Strategy
နောက်ဆုံးမှာတော့ လူတွေဘာကြောင့် ဝယ်ချင်လာရမလဲဆိုတဲ့ မူလအကြောင်းအရင်းကို ပြန်လည်စဉ်းစားဖို့ လိုပါတယ်။ လူသိနေရာကနေ စိတ်ဝင်စားလာအောင်၊ စိတ်ချယုံကြည်လာအောင်၊ နောက်ဆုံး ဝယ်ဖြစ်သွားအောင် ထိထိရောက်ရောက် လုပ်ဆောင်နိုင်တဲ့ လမ်းကြောင်းတစ်ခုကို တည်ဆောက်ဖို့ လိုပါတယ်။
ရောင်းအားဆိုတာမျိုးက ကံကောင်းပြီး တက်လာတာမဟုတ်ပါဘူး။ ဒါဟာ စနစ်တကျ စီမံထားတဲ့ Strategy ရဲ့ ရလဒ်ဖြစ်ပါတယ်။ လူသိရုံနဲ့တင်ပြီးသွားတာမဟုတ်ဘဲ လူသိတာက ရောင်းအားတက်ဖို့ ခြေလှမ်းအစဆိုတာကို သိထားမှပဲ Sales က တဖြည်းဖြည်း တက်လာမှာ ဖြစ်ပါတယ်။
ဒါကြောင့် အခုကစပြီး “လူတွေ ဝယ်ချင်လာအောင် ဘာလုပ်နိုင်မလဲ” ဆိုတဲ့ မေးခွန်းကို ပြန်မေးကြည့်ပါ။ Content တွေနဲ့ ယုံကြည်မှုကို တည်ဆောက်ပါ။ စိတ်ဝင်စားတဲ့လူတွေကို အမြဲ Follow-up လုပ်ပါ။ Buyer’s Journey ကို စနစ်တကျ တည်ဆောက်ပြီး Awareness ကနေ Sales အထိရောက်အောင်လုပ်ပါ။
ဒီ Strategy (၃) ခုကို သေချာအသုံးချနိုင်တဲ့အခါ လူသိများသလောက် ရောင်းအားလည်းတက်လာမှာ အသေအချာပါပဲ။
#newnessdigital #digitalmarketingagency #digitalmarketing #marketingtips