Marketing Budget သတ်မှတ်ခြင်းက သင့်လုပ်ငန်းအောင်မြင်မှုအတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါ။
အထူးသဖြင့် Product တွေကို ဆိုရှယ်မီဒီယာပလက်ဖောင်းတွေကနေ အပြိုင်အဆိုင်ရောင်းချနေကြတဲ့ လက်ရှိဈေးကွက်အနေအထားမှာ
Brand တစ်ခုတည်ဆောက်ချင်တယ်၊ Sale Target ကို ထိရောက်မှုရှိစေချင်တယ်ဆိုရင် Marketing Budget ကို တိတိကျကျသတ်မှတ်ထားဖို့ လိုအပ်ပါတယ်။
ဒါကြောင့် လူကြီးမင်းတို့လုပ်ငန်းအတွက် Marketing Budget သတ်မှတ်ရာမှာ မဖြစ်မနေထည့်သွင်းစဉ်းစားသင့်တဲ့ အချက် (၅) ချက်ကို မျှဝေပေးလိုက်ပါတယ်။
- တိကျတဲ့ Goals တွေ သတ်မှတ်ပါ။
Marketing Budget မသတ်မှတ်ခင် အရင်ဆုံး ဘာအတွက်သုံးမှာလဲဆိုတာ သိဖို့လိုပါတယ်။ ဥပမာ – Brand Awareness တိုးချင်လို့၊ Customer အသစ်တွေရချင်လို့ စသဖြင့် ရည်ရွယ်ချက်ရှိရပါမယ်။
- ဝင်ငွေပေါ်မူတည်ပြီး တွက်ချက်ပါ။
ရောင်းအားရှိတဲ့ လုပ်ငန်းတွေအနေနဲ့ လက်ရှိဝင်ငွေရဲ့ 5% – 10% ကို Marketing Budget အတွက် အသုံးပြုသင့်ပြီး
Startup Business တွေဆိုရင်တော့ ကိုယ်မျှော်မှန်းထားတဲ့ ဝင်ငွေပမာဏရဲ့ 10% – 20% လောက်ထိအသုံးပြုသင့်ပါတယ်။
- လုပ်ငန်းနဲ့ကိုက်ညီမယ့်အရာတွေ ရွေးချယ်ပါ။
လုပ်ငန်းရဲ့ ရည်ရွယ်ချက်ပေါ်မူတည်ပြီး Audience တွေနဲ့ အပြန်အလှန်ဆက်သွယ်နိုင်မယ့် ဆိုရှယ်မီဒီယာပလက်ဖောင်းတွေ၊ အမှန်တကယ်ထိရောက်မှုရှိစေနိုင်မယ့် မားကတ်တင်းနည်းဗျူဟာတွေကိုလည်း ရွေးချယ်ထားရပါမယ်။
- ကုန်ကျစရိတ်တွေ ခွဲဝေသတ်မှတ်ပါ။
Marketing Budget သတ်မှတ်တဲ့အခါ မားကတ်တင်းအတွက် ကုန်ကျစရိတ်တွေအပြင် Seasonal Campaign, Festive Promotions, New Product Launching စတာတွေအတွက် အသုံးပြုမယ့်ပမာဏကိုလည်း ထည့်သွင်းစဉ်းစားဖို့ မမေ့ပါနဲ့။
- စဉ်ဆက်မပြတ် လေ့လာသုံးသပ်ပါ။
လုပ်ငန်းတိုးတက်မှုအတွက် ဘယ်လိုနည်းဗျူဟာတွေနဲ့ ဆက်သွားသင့်လဲ၊ ဘာတွေကို ရပ်ထားသင့်လဲဆိုတာ လေ့လာသုံးသပ်ပြီး Marketing Budget ကို သုံးလတစ်ကြိမ် (သို့) တစ်နှစ်တစ်ကြိမ် ပြန်လည်ချိန်ညှိသင့်ပါတယ်။
ဒီအချက်တွေကတော့ Marketing Budget သတ်မှတ်တဲ့အခါ မဖြစ်မနေထည့်သွင်း စဉ်းစားရမှာ ဖြစ်ပါတယ်။
လူကြီးမင်းတို့လုပ်ငန်းအတွက် သတ်မှတ်ထားတဲ့ Marketing Budget ကို ထိထိရောက်ရောက်အသုံးပြုနိုင်ဖို့ Content, Design, Boosting, Strategies and Analysis စတဲ့ Digital Marketing ဝန်ဆောင်မှုတွေကို တစ်နေရာတည်းမှာ ရယူချင်တယ်ဆိုရင်တော့ Newness ကိုသာ ယုံကြည်စိတ်ချစွာ ဆက်သွယ်လိုက်ပါ။