မသိမဖြစ်၊ မရှိမဖြစ်တဲ့ Data Analysis

လုပ်ငန်းတစ်ခုမှာ Analysis လို့ခေါ်တဲ့ ဒေတာအချက်အလက်တွေကို လေ့လာသုံးသပ်ရတဲ့အပိုင်းဟာလည်း အရေးကြီးဆုံးနေရာကနေ ပါဝင်နေပါတယ်။

အထူးသဖြင့် ဈေးကွက်ထဲကို Digital Marketing နဲ့ထိုးဖောက်နေကြတဲ့ စီးပွားရေးလုပ်ငန်းမှန်သမျှ…

  • လက်ရှိဈေးကွက် အခြေအနေ
  • ဝယ်သူတွေရဲ့ လိုအပ်ချက်တွေ
  • ပြိုင်ဘက်စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သတ်တဲ့ဒေတာအချက်အလက်တွေ ကို

ကောက်ယူပြီး ကိုယ့်လုပ်ငန်းအတွက် ဘယ်လိုနည်းဗျူဟာတွေ ချမှတ်သင့်လဲဆိုတာ လေ့လာသုံးသပ်ဖို့ လိုအပ်ပါတယ်။

ဒါ့အပြင် လုပ်ငန်းအတွက် ဈေးကွက်အသစ်တွေရှာဖွေနိုင်ဖို့ Business Trend တွေနဲ့ Pattern တွေကို ခွဲခြားသိနိုင်ဖို့…

  • Descriptive Analysis ဆိုတဲ့ ကိုယ့်လုပ်ငန်းအတွက် အရင်က ဘယ်လိုနည်းလမ်းတွေ အလုပ်ဖြစ်ခဲ့လဲဆိုတာကို ပြန်လည်ဆန်းစစ်ဖို့ လိုအပ်ပါတယ်။
  • နည်းလမ်းတွေကို သိပြီဆိုရင်တော့ ဘာကြောင့် အဲ့ဒီနည်းလမ်းတွေက အလုပ်ဖြစ်ခဲ့လဲဆိုတဲ့ အကြောင်းအရင်းကိုရှာဖွေနိုင်ဖို့ Diagnostic Analysis လုပ်ဖို့ လိုအပ်လာပါပြီ။
  • Diagnostic Analysis လုပ်ပြီးတဲ့အခါမှာလည်း နောက်ထပ်ဘယ်လိုနည်းလမ်းတွေက အလုပ်ဖြစ်လာနိုင်မလဲဆိုတာကို ကြိုတင်မှန်းဆနိုင်ဖို့ Predictive Analysis ကိုလည်း မေ့ထားလို့မဖြစ်ပါဘူး။
  • နောက်ဆုံးတစ်ခုကတော့ ကိုယ်ရှာဖွေတွေ့ရှိထားတဲ့ နည်းလမ်းတွေအားလုံးထဲမှာ ဘယ်နည်းလမ်းက အသင့်တော်ဆုံးဖြစ်မလဲဆိုတာကို စိစစ်ရမယ့် Predictive Analysis ပဲ ဖြစ်ပါတယ်။

ဒီလို အဆင့်ဆင့် Analysis လုပ်ခြင်းက သင့်လုပ်ငန်းအတွက် ထိရောက်တဲ့ နည်းဗျူဟာတွေ ချမှတ်‌နိုင်ဖို့ များစွာအထောက်အကူဖြစ်စေနိုင်ပါတယ်။

လူကြီးမင်းတို့လုပ်ငန်းနဲ့ပတ်သတ်ပြီး အသေးစိတ်ဆွေးနွေးတိုင်ပင်လိုပါက https://bit.ly/digitalconsultnewness မှာ Free Digital Consultation Service ရယူနိုင်ပါတယ်။

More Blog Post​

Free Digital
Consultation