fbpx

သင့်စီးပွားရေး လုပ်ဆောင်ချက်ကို မြင့်တင်စေနိုင်မယ့် Facebook နဲ့ Messenger ကနေမိတ်ဆက်လိုက်တဲ့ Broadcast Channel feature အသစ် 

Facebook Broadcast Channel Feature

Broadcast Channel တွေဟာ Meta ကနေ Facebook နဲ့ Messenger တွေမှာ နောက်ဆုံးပေါ် ထပ်ပေါင်းထည့်ထားတဲ့ Feature တစ်ခုပဲဖြစ်ပါတယ်။ 

Facebook page တွေကို manage လုပ်နေတဲ့ Creator တွေအပြင် စီးပွားရေးလုပ်ငန်းရှင်များ၊ Public figures တွေ အစရှိတဲ့ သူတွေအနေနဲ့ Broadcast Channel တွေဖန်တီးပြီး မိမိရဲ့  customer တွေနဲ့ သက်ဆိုင်ရာ community တွေကို တိုက်ရိုက် Engage လုပ်နိုင်မှာဖြစ်ပါတယ်။

Facebook Page တွေရဲ့ Admin တွေအနေနဲ့ votes, polls ကဲ့သို့သော Broadcast Channel တွေရဲ့ Features တွေကို အသုံးပြုပြီး မိမိရဲ့ customer များထံမှ feedback များကို တိုက်ရိုက်ရရှိနိုင်ရုံသာမက လုပ်ငန်းရဲ့ အလုပ်လုပ်ပုံ၊ လည်ပတ်ပုံ အစရှိတဲ့ အချက်အလက်တွေအပြင် ဓါတ်ပုံများ၊ ဗီဒီယိုများ၊ အသံဖိုင်တွေကိုပါ မျှဝေနိုင်ပြီး customer များနဲ့ ပိုမိုရင်းနှီးပြီး ကောင်းမွန်တဲ့ ဆက်ဆံရေးကိုတည်ဆောက်လာနိုင်မှာဖြစ်ပါတယ်

How It Works: ဘယ်လိုအလုပ်လုပ်သလဲ?

အကယ်၍ သင်ဟာ Facebook Page ကို စီမံနေတဲ့သူတစ်ဦးဖြစ်မယ်ဆိုရင် Page မှတစ်ဆင့် တိုက်ရိုက် channel ကို ဖန်တီးနိုင်ပါတယ်။ ဒါမှမဟုတ်ရင်တော့ join the waitlist  တွင် စောင့်ဆိုင်းနိုင်ပြီး ထို feature ရနိုင်တဲ့အခါမှာ အကြောင်းကြားပေးခြင်းကို ခံရမှာဖြစ်ပါတယ်။

Broadcast Channel ကို ဖန်တီးကာ ပထမဆုံး message ကိုပို့ပြီးတာနဲ့ တစ်ပြိုင်နက် မိမိ Page ရဲ့ followers များဟာ channel ကို join ဖို့ notification များရရှိမှာဖြစ်ပါတယ်။ Channel ရဲ့ creator ကသာ message များကို ပို့နိုင်မှာဖြစ်ပြီး followers များအနေနဲ့တော့ react ပြုလုပ်နိုင်ကာ vote, polls များပေးနိုင်မှာဖြစ်ပါတယ်။

Safety and Privacy:

Broadcast Channels တွေဟာ Facebook နဲ့ Messenger ရဲ့ Community Standards တွေနဲ့အညီ ဖန်တီးနိုင်တာဖြစ်လို့ followers တွေအနေနဲ့ ထို channel များရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ရခြင်းအားဖြင့်  လုံခြုံမှုကိုခံစားနိုင်မှာဖြစ်ပါတယ်။ အကယ်၍ broadcast channel များဟာ policy နဲ့ မကိုက်ညီတဲ့အကြောင်းအရာများကို ဝေမျှခဲ့သည်ရှိသော် report များ ပြုလုပ်နိုင်ပြီး ထို channel များကို ပယ်ဖျက်နိုင်ပါတယ်။ 

အခုလိုမျိုး Broadcast Channels တွေကို အသုံးပြုကာ E-commerce Business ကို လုပ်ဆောင်နေတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ဆိုရင် မိမိတို့ အသစ်ထုတ်လုပ်မယ့် product တွေ၊ ပရိုမိုးရှင်းတွေ၊ order updates တွေအကြောင်းကို customer တို့ကို တိုက်ရိုက်မျှဝေပေးနိုင်မှာဖြစ်လို့ အကျိုးရှိစွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့  မိမိလုပ်ငန်းပိုင်းဆိုင်ရာ အခက်အခဲများအတွက် အကူအညီလိုအပ်ပါက ကျွန်တော်တို့ Newness Agency ရဲ့  Facebook Messenger မှတစ်ဆင့် လာရောက်ဆက်သွယ်နိုင်ပါတယ်။

More Blog Post​

Facebook Broadcast Channel Feature
Broadcast Channel တွေဟာ Meta ကနေ Facebook နဲ့ Messenger တွေမှာ နောက်ဆုံးပေါ် ထပ်ပေါင်းထည့်ထားတဲ့ Feature တစ်ခုပဲဖြစ်ပါတယ်။  Facebook page တွေကို manage လုပ်နေတဲ့ Creator တွေအပြင် စီးပွားရေးလုပ်ငန်းရှင်များ၊ ..

Free Digital
Consultation