fbpx

Product Mix က ဘာလဲ? ဘယ်လိုအရေးပါသလဲ ?

Product Mix

လုပ်ငန်း တစ်ခု ရေရှည်ရပ်တည်နိုင်ဖို့ဆိုတာ အခြေခံအုတ်မြစ်ဖြစ်တဲ့ Business Function တစ်ခုချင်းဆီမှာ ဘယ်လောက်ထိ Systematic ဖြစ်သလဲ Foundation ကိုဘယ်လောက်ထိ ကောင်းကောင်း ချမှတ် ထားနိုင် သလဲ ဆိုတဲ့ အပေါ်မှာ မူတည်ပါတယ် ။

အဲ့ဒီ့ Foundation တွေထဲမှာ Marketing Management လည်း တစ်ခု အပါအဝင်ပါ။

ဒီနေ့ ကျွန်မ ဖော်ပြပေးချင်တဲ့ အကြောင်းအရာကတော့Marketing Management မှာရှိတဲ့ 4Ps/ 7Ps တွေထဲက ပထမဆုံး P ဖြစ်တဲ့ “Product” ပဲဖြစ်ပါတယ် ။

Manufacturing Industry ပဲ ဖြစ်ဖြစ် Service Industry မှာပဲ ဖြစ်ဖြစ် ဒီ P ဟာ ဘယ်လိုကုန်ပစ္စည်း/ ဘယ်လိုဝန်ဆောင်မှုတွေကို ကိုယ့်ရဲ့ Target Customer ကို ပေးမလဲဆိုတဲ့ အချက်ဖြစ်တာကြောင့် ဘယ် industryမှာမဆို ဒီ P အတွက် စဥ်းစားပုံ စဥ်းစားနည်းသည် အတူတူပဲလို့ သတ်မှတ်လို့ရပါတယ် ။ Trading Business တွေအတွက်လည်း ထိုနည်းလည်းကောင်း ပါပဲ ။

ပထမဆုံး အနေနဲ့ လုပ်ငန်းက ကိုယ်ရောင်းချနေတဲ့ ကုန်ပစ္စည်းအမျိုးအစားတွေကို ခွဲခြားသတ်မှတ်ဖို့ လိုပါတယ် ။ ဒါကို Product Mix Portfolio လို့ ခေါပြီး Brand Name (သို့) Company Name  အောက်မှာရှိတဲ့ product အမျိုးအစားတွေကို ခွဲခြား သတ်မှတ်တဲ့နည်းလမ်း ဖြစ်ပါတယ် ။ ဥပမာ Brand တစ်ခုက ရေခဲမုန့်လည်းထုတ်တယ် soft drink လည်း ထုတ်တယ်ဆိုရင် ဒါတွေက ဒီ brand ရဲ့ Product Line ဖြစ်ပြီး သူထုတ်နိုင်တဲ့ related ဖြစ်တဲ့ product အပေါ်မူတည်ပြီး Product Mix Width ကလည်း ကျယ်မှာဖြစ်ပါတယ် ။

Product Line တစ်ခုဖြစ်တဲ့ ရေခဲမုန့် ရဲ့ အောက်မှာ Cone, Sundae, Stick, Box, Bulk, Fried Ice Cream, Ice cream Mochi ဆိုပြီး အမျိုးအစားတွေခွဲလိုက်တယ်ဆိုရင် အဲ့ဒါကို Product Line Length လို့ ခေါ်ပြီး Cone ရဲ့ အောက်မှာ ရနိုင်တဲ့ taste တွေကို ပြန်ခွဲလိုက်မယ် ဥပမာ – Strawberry, Chocolate စသဖြင့် ခွဲလိုက်ရင်တော့ Product Line Depth လို့ ခေါ်ပါတယ် ။ 

လူသိများပြီး ထင်ရှားတဲ့ ဥပမာ နောက်ထပ် တစ်ခုလို့ ပြောပါဆိုရင်တော့ Apple ကိုပဲ ပြောရမှာဖြစ်ပါတယ် ။ Apple Brand ရဲ့ အောက်မှာiphone, iPad, iWatch စသဖြင့် Product Line တွေ ကွဲသွားမှာဖြစ်ပြီး iPhone ရဲ့ အောက်မှာဆိုရင် generation အလိုက် iPhone13, iPhone 14, 14 ProMax စသဖြင့် depth တွေကွဲသွားမှာပဲဖြစ်ပါတယ် ။အောက်က Figure မှာလည်း ကြည့်နိုင်ပါတယ်။

ဒီ Product Mix ကို ရောင်းအား (sales data) တွေနဲ့ သေချာ analyze လုပ်မယ်ဆိုရင် လုပ်ငန်းအနေနဲ့ အကျိုးအမြတ်အတွက် ဘယ် product အမျိုးအစားကို ဘယ်လို ရောင်းအားမြှင့်တင်ရမလဲ? ဘယ်လို စျေးကွက်ချဲ့ထွင်ရမလဲ ဒါမှမဟုတ် စျေးကွက်ထဲကနေထွက်လိုက်သင့်သလားဆိုတဲ့ Strategy တွေအပြင် အဓိက အားဖြင့် Product အသစ်တစ်ခုထုတ်မယ်ဆိုရင် ဘယ် Line မှာ ထပ်တိုးသင့်သလဲဆိုတာကို ဒီ Product Mix Portfolio ကိုကြည့်ပြီး ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ် ။

ထပ်တိုးအနေနဲ့ ဒီလို Product Mix Portfolio ကို သေချာရေးဆွဲထားမယ်ဆိုရင် ကိုယ့် customer တွေကို product နဲ့ ပတ်သက်ပြီး information ပေးရတဲ့ သူတွေအနေနဲ့လည်း အဆင်ပြေလွယ်ကူ ချောမွေ့မှာပဲ ဖြစ်ပါတယ်ရှင်။

ဒီ article လေး ဖတ်ပြီးတဲ့နောက်မှာ ကိုယ့် business အတွက် အထောက်အပံ့တစ်ခုခု ရမယ်လို့ မျှော်လင့်ပါတယ်။

More Blog Post​

Facebook Broadcast Channel Feature
Broadcast Channel တွေဟာ Meta ကနေ Facebook နဲ့ Messenger တွေမှာ နောက်ဆုံးပေါ် ထပ်ပေါင်းထည့်ထားတဲ့ Feature တစ်ခုပဲဖြစ်ပါတယ်။  Facebook page တွေကို manage လုပ်နေတဲ့ Creator တွေအပြင် စီးပွားရေးလုပ်ငန်းရှင်များ၊ ..

Free Digital
Consultation