fbpx

၂၀၂၃ နဲ့ အနာဂတ်ရဲ့ Social Media Marketing အတွက် ခန့်မှန်းချက်

Social Media Platfom တွေမှာ အချိန်နဲ့ အမျှ အသစ်သစ်သော နည်းပညာတွေ ထွက်ရှိနေသလို သုံးစွဲသူတွေရဲ့  ပုံစံတွေဟာလည်း ပြောင်းလဲလို့လာနေတာဟာ Social Media လောကရဲ့ ပုံမှန်ဖြစ်စဉ်တစ်ခုလို့ ဆိုရမှာပါ။ 

၂၀၂၂ ကုန်လို့ နှစ်သစ် ၂၀၂၃ ကို ကူးပြောင်းတော့မယ့် အခုလို စပ်ကြားကာလဟာ Brand တွေအနေနဲ့ လာမယ့် နှစ်အတွက် သက်ဆိုင်ရာ Platform ပေါ်မူတည်ပြီး Social Marketing Strategy တွေကို ကြိုတင်ချမှတ် ပြင်ဆင်ထားရမယ့် အချိန်ဆိုရင်လည်း မမှားပါဘူး။

ဒီဆောင်းပါးလေးထဲကတော့ Newness ရဲ့ Client တွေအဖို့ ၂၀၂၃ ခုနှစ်အတွက် Social Media Platform တွေနဲ့ ပတ်သတ်ပြီး ကြိုတင်မှန်းဆချက်တွေကို ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လူသုံးအများဆုံး Social Media Platform တွေရဲ့ အသေးစိတ် ခန့်မှန်းချက်တွေကို အောက်မှာ ဆက်လက်ဖတ်ရှုပေးပါဦး။

AR Experience, AI-Driven Algorithm & More Interactive Ads

အားလုံးလည်း သိတဲ့အတိုင်း Meta က သူ့ရဲ့ Metaverse အကြောင်း ဒီနှစ်တွေမှာ တောက်လျှောက် ကြွယ်လာခဲ့ပြီး VR Headset တွေအပြင် AR Glasses တွေကို ထပ်မံထုတ်လုပ်ဖို့ ကြံရွယ်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် Meta အနေနဲ့v၂၀၂၃ ခုနှစ်အပါအဝင်  အနာဂတ်မှာ AR Tools တွေကို Facebook, Instagram Platfrom ပေါ်အထိ AR Experience ကို ယူဆောင်လာဖို့ လမ်းကြောင်းတွေ မြင်နေရပါတယ်။

နောက်တစ်ခုကတော့ ပိုပြီး တိုးတက်လာမယ့် AI-Driven Algorithm ပါ။ Meta အပါအဝင် Tik Tok User တွေဟာ လက်ရှိ Personalized Content တွေအပေါ်  စိတ်တိုင်းကျမှုမရှိတာတွေကို တွေ့နေရပြီး Platfrom တွေအနေနဲ့ AI အပါအဝင် Content Suggestion တွေကို ပို Improve ဖြစ်လာအောင် လုပ်ဆောင်သွားဖွယ်ရှိပါတယ်။ နောက်တစ်ခုကတော့ AR (Argumented Reality) တွေ ပိုပြီး တိုးတက်လာတာက Brand တွေအနေနဲ့ Interactive Ads တွေကို ပိုမိုဖန်တီးဖို့ အခွင့်အရေးတွေရှိလာမှာလည်း ဖြစ်ပါတယ်။

Subscription Models To See

Youtube အပါအဝင် Tik Tok မှာ Creator နဲ့ User ဆိုပြီး ခွဲခြားပေးမယ့် Subscription Model တွေကို မိတ်ဆက်လာတာတွေ့ရပါတယ်။  Meta အနေနဲ့ အောက်တိုဘာ ၃၁ရက်နေ့က Professional Mode ကို မိတ်ဆက်လိုက်ပါသေးတယ်။ သူကတော့ အခကြေးငွေနဲ့ Subscribe ပြုလုပ်ထားတဲ့ Follower တွေသာ ကိုယ့်ရဲ့ Exclusive Content တွေကို Creator တွေအနေနဲ့ Upload ပြုလုပ်နိုင်အောင် စီစဉ်ပေးမယ့် Mode လို့ပြောရမှာပါ။ 

လာမယ့်နှစ်တွေမှာ Platform တိုင်းက Subscription Model တွေ ပိုပြီး မိတ်ဆက်လာခဲ့ပါက  Creator တွေအတွက် ဝင်ငွေလမ်းကြောင်းပိုကောင်းလာနိုင်မှာဖြစ်သလို ကိုယ့်လုပ်ငန်းအတွက် Marketin Strategy ရေးဆွဲရာမှာ Influencer Marketing ဘက်ကို ထည့်သွင်းစဉ်းစားဖို့ လိုလာမှာလည်းဖြစ်ပါတယ်။

Reels  & Live Shopping

Meta (Facebook), Twitch နဲ့ Tik Tok Platform တွေပေါ်မှာ Gaming Industry တစ်ခုတည်းက  Live Streaming ကို အသုံးချပြီးဝင်ငွေရှာတာအပြင် အခြား Retail Industry အနေနဲ့လည်း ဒီ Live Streaming ကနေတစ်ဆင့် Live Shopping တွေ ပြုလုပ်နေကြပါပြီ။

လူအသုံးများတဲ့ Platform တစ်ခုဖြစ်တဲ့ Instagram ကတော့ လက်ရှိမှာတော့ Reels ဘက်ကို အသားပေးပြီး Improvement တွေသာ ပြုလုပ်လျက်ရှိပြီး လက်ရှိမှာ Live Shopping ဘက်ကို ဦးတည်တဲ့ အရိပ်အယောင်မတွေ့ရသေးပါဘူး။ Instagram အနေနဲ့  အနာဂတ်မှာ Shop Tag ကို Reels Feature နဲ့ ပူးပေါင်းပြီး Live Shopping Content တွေ ဖန်တီးနိုင်အောင် ပြုလုပ်ပေးလာမယ်လို့ မျှော်လင့်ရပါတယ်။

Longer Tweets on Twitter

၂၀၂၂ ကို လှုပ်ခတ်နိုင်ခဲ့တဲ့ ပြောင်းလဲမှုကြီးကြီးမားမားလို့ တင်စားရမယ့် Elon Musk တစ်ယောက် Twitter ရဲ့ CEO ဖြစ်လာပြီးနောက်ပိုင်း Twitter ရဲ့ Feature တွေမှာ ပြောင်းလဲမှုအကြီးစားတွေ ရှိလာမယ့် ပုံပါပဲ။

 အပေါ်မှာ Subscription Models တွေအကြောင်းပြောခဲ့တုန်းက Twitter ဘက်ကို မသုံးသပ်လိုက်ရပေမယ့် လာမယ့်အနာဂတ်မှာ Elon Musk အနေနဲ့ Creators, User ကို ခွဲခြားပေးမယ့် Subscription Model တွေထည့်သွင်းလာမယ်လို့ ခန့်မှန်းရပါတယ်။  ဒါ့အပြင် Twitter ပေါ်မှာ ပိုရှည်တဲ့ စာတွေကို Tweet ခွင့်ပြုလာနိုင်ချေရှိတဲ့အပြင် Business Twitter User တွေအတွက် လစဉ်ကြေးကောက်ခံဖို့ Elon တစ်ယောက် ဦးတည်နေတယ်လို့လည်း ခန့်မှန်းနေကြပါတယ်။

Better Video Tools on LinkedIn

LinkedIn အပါအဝင် နေရာတိုင်းမှာ Video Content တွေ ခေတ်စားလာပြီးနောက်ပိုင်း LinkedIn ကလည်း သူတို့ရဲ့ Video Intro Feature နဲ့ Video Chat Feature တွေကို ပိုကောင်းတဲ့ Video Tools တွေ ထည့်သွင်းလာမယ်လို့ မျှော်လင့်ရပါတယ်။  Zoom ကဲ့သို့ Video Meeting Option အပြင် Event Feature မှာ Webinar တွေ ပြုလုပ်နိုင်မယ့် Video Tools တွေကို ထည့်သွင်းလာခဲ့မယ်ဆိုပါက အလုပ်ရှာနေသူတွေနဲ့ အလုပ်ရှင်တွေကြား ဒါမှမဟုတ် Mentor တွေနဲ့ Mentee တွေကြား ပိုကောင်းမွန်တဲ့ Connection တွေ တည်ဆောက်လာနိုင်မှာ ဖြစ်ပါတယ်။

နောက်တစ်ခုကတော့ LinkedIn အနေနဲ့ Main Feed မှာသာ Video အတွက် Full Screen Tab ပါ ထည့်သွင်းလာခဲ့မယ်ဆိုရင်တော့ Professional Creator တွေအတွက် Content တွေကို ပိုပြီး ချောချောမွေ့မွေ့နဲ့ တင်ဆက်လာနိုင်မှာလည်းဖြစ်ပါတယ်။

ဒါကတော့ မြန်မာနိုင်ငံမှာ လူသုံးများ Social Media Platform အလိုက် Newness Team က လေ့လာရသလောက် ၂၀၂၃ အတွက် ကြိုတင်မှန်းဆချက်တွေကို ဆွေးနွေးတင်ပြခဲ့တာပါ။ 

Business Owner တွေ Social Media Marketer တွေ အပါအဝင် Content Creator တွေအနေနဲ့ ဒီခန့်မှန်းချက်တွေ အပေါ်မူတည်ပြီး ကိုယ့်လုပ်ငန်းအတွက် Social Media Marketing Plan တွေကို ကြိုတင်ချမှတ်ထားဖို့တော့ လိုအပ်ပါလိမ့်မယ်။ 

သင့်လုပ်ငန်းအတွက် လာမယ့်နှစ်အတွက် Professional Social Media Marketing Strategy ကောင်းကောင်းလိုအပ်နေပြီဆိုရင်တော့ Newness Agency နဲ့ လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။

 

More Blog Post​

Facebook Broadcast Channel Feature
Broadcast Channel တွေဟာ Meta ကနေ Facebook နဲ့ Messenger တွေမှာ နောက်ဆုံးပေါ် ထပ်ပေါင်းထည့်ထားတဲ့ Feature တစ်ခုပဲဖြစ်ပါတယ်။  Facebook page တွေကို manage လုပ်နေတဲ့ Creator တွေအပြင် စီးပွားရေးလုပ်ငန်းရှင်များ၊ ..

Free Digital
Consultation