စီးပွားရေးလုပ်ငန်းတိုင်းမှာ website တစ်ခု ဘာကြောင့်ရှိသင့်တာလဲ

Online ပေါ်တွင် သင့်စီးပွားရေးလုပ်ငန်း၏တည်ရှိမှုက လုပ်ငန်းတိုးတက်မှုအပေါ် ကြီးမားသော သက်ရောက်မှုရှိနိုင်ပါတယ်။ ဒီနေ့ခေတ်ကာလမှာ အချို့သောလုပ်ငန်းများဟာ ၎င်းတို့၏ customer များက ငွေချေမှုမလုပ်ခင်မှာ website ထဲကို အရင်ဝင်ကြည့်ကြသည်ကို မသိရှိသေးကြပါ။ Online ပေါ်မှာရောက်ရှိနေခြင်း အထူးသဖြင့် website တစ်ခုရှိခြင်းသည် ဝင်ငွေပိုမိုတိုးပွားလာစေရန် ဖန်တီးပေးပါတယ်။ ဒီဆောင်းပါးရဲ့ ရည်ရွယ်ချက်ကတော့ website တစ်ခုရှိထားခြင်း၏ အရေးပါမှုအကြောင်းကို အောက်ပါခေါင်းစဉ်လေးများဖြင့် မျှဝေပေးမှာ ဖြစ်ပါတယ်။ 

Business Website

Credibility

စီးပွားရေးလုပ်ငန်းအတွက် website ရှိသင့်ရတဲ့ အဓိကအကြောင်းအရင်းကတော့ အဖွဲ့အစည်းရဲ့ အများယုံကြည်မှုတိုးမြှင့်ရရှိစေရန်ဖြစ်ပါတယ်။ အလားတူလုပ်ငန်းများမှာလည်း တူညီသော ဝန်ဆောင်မှုပေးနိုင်ပေမယ့် အခြားလုပ်ငန်းများထက် ပိုမိုပေါ်လွင်ထင်ရှားစေမယ့် နည်းလမ်းကတော့  ကောင်းမွန်ပြီး အရည်အသွေးပြည့်မီသော အချက်အလက်များကို ဝယ်ယူသူများအား ဆက်သွယ်ပြသနိုင်မယ့် website တစ်ခုရှိခြင်း ဖြစ်ပါတယ်။ 

Website တစ်ခုမရှိပါက ဒီလုပ်ငန်းဟာ တရားဝင်ဖြစ်မဖြစ်ကို လူအများက မေးခွန်းထုတ်နိုင်ပါတယ်။ နိုင်ငံတကာကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်လိုသော လုပ်ငန်းများအနေနဲ့ website တစ်ခုရှိထားခြင်းသည် ဝင်ရောက်လေ့လာသူတို့အား တကယ့်စီးပွားရေးလုပ်ငန်းဖြစ်ကြောင်း အထင်အမြင်ကောင်းတစ်ခုဖန်တီးရန် အခွင့်အရေးတစ်ခုဖြစ်ပါတယ်။

Brand

သင့်ရဲ့ customer ဖြစ်လာနိုင်မယ့်သူများအား Brand ထုတ်ဖော်ပြသခြင်းသည် အရေးကြီးဆုံးသော လုပ်ဆောင်ရမယ့်အရာဖြစ်ပါတယ်။ ဘယ်သူဘယ်ဝါဖြစ်တယ်၊ ဘာကို ကိုယ်စားပြုပြီး ဘာအတွက် ရပ်တည်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိထားမှသာလျှင် ဝယ်ယူအားပေးသော customer ရရှိမယ့် အခွင့်အရေးများပြားနိုင်ပါတယ်။ 

ဒါကလည်း ပြိုင်ဘက်လုပ်ငန်းများနဲ့ ကွာခြားသွားစေနိုင်တဲ့အရာတစ်ခု ဖြစ်ပါတယ်။ ဝင်‌ရောက်လေ့လာစရာ website မရှိရင် လုပ်ငန်းနဲ့ပတ်သက်ပြီး quality ရှိမယ့် အချက်အလက်ကို လွယ်လွယ်ကူကူရှာတွေ့မှာမဟုတ်တဲ့အတွက် မယုံနိုင်အောင် challenge တစ်ခုဖြစ်လာပါလိမ့်မယ်။

Lead

သင့်လုပ်ငန်းအတွက် website ရှိရန် စိတ်ဝင်စားဖွယ်အကြောင်းအရင်းများထဲမှတစ်ခုမှာ ဒါက သင့်ကို lead ဖြစ်ဖိုအခွင့်အရေးတိုးမြှင့်စေတဲ့အတွက် ဖြစ်ပါတယ်။

လူတွေက သင်ရဲ့လုပ်ငန်း website ကို တွေ့တဲ့အခါ ပြထားတဲ့ product တွေ service တွေကိုစိတ်ဝင်စားကာ ထပ်ပြီးသိချင်လာပါမယ်။ အဲ့ဒီနောက် ဆက်သွယ်စုံစမ်းလိုတဲ့အခါ website မှာပြထားတဲ့ contact information ကြည့်ပြီး သိနိုင်ပါတယ်။ ဒါလည်း လုပ်ငန်းရောင်းအားကို တိုးတက်စေမယ့် နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ website လွှင့်တင်ထားခြင်းက ကုန်ကျစရိတ်ရှိရင်တောင် အသုံးချနည်းမှန်ကန်ရင် အကျိုးအမြတ်ရရှိနိုင်ပါတယ်။

Updates and Announcements

Website တစ်ခုဟာ 24/7 တည်ရှိနေသောကြောင့် customer တွေသိရှိအောင် announcement များ, updates ‌post တင်တဲ့နေရာမှာ လွယ်ကူ‌ စေပါတယ်။ သင်လုပ်နေတဲ့အရာတွေကို customer များအား အချိန်နှင့်အမျှ အသိပေးနိုင်မယ့် နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။

ဒီနေ့ခေတ်မှာ website များဟာ စီးပွားရေးလုပ်ငန်းတိုင်းအတွက် မရှိမဖြစ်လိုအပ်လာနေပါတယ်။ ယခုအချိန်ထိ သင့်ရဲ့လုပ်ငန်းမှာ မရှိသေးရင်တော့ ခေတ်ရေစီးကြောင်းနဲ့အမီလိုက်ရန်၊ ကုန်ကျစရိတ်သက်သာပြီး quality ကောင်းမွန်သော website တစ်ခု ဖန်တီးနိုင်စေရန် Newness မှ အသင့်ရှိနေပါတယ်။

Ref:

More Blog Post​

Facebook Broadcast Channel Feature
Broadcast Channel တွေဟာ Meta ကနေ Facebook နဲ့ Messenger တွေမှာ နောက်ဆုံးပေါ် ထပ်ပေါင်းထည့်ထားတဲ့ Feature တစ်ခုပဲဖြစ်ပါတယ်။  Facebook page တွေကို manage လုပ်နေတဲ့ Creator တွေအပြင် စီးပွားရေးလုပ်ငန်းရှင်များ၊ ..

Free Digital
Consultation